"ဒီအခါ ပွင့်တဲ့ တောင်ဇလပ်တွေက အလွမ်းတွေနဲ့ ထင်ပါရဲ့..."
"......"
ထိုအဓိပ္ပါယ်က ဘာလဲဆိုတာ သေသေချာချာ သိလေတော့ ကျွန်တော် ခေါင်းဆောင်ကို ဘာမှပြန်မပြောဘဲ ငြိမ်နေမိသည်။
ခေါင်းဆောင်ကတော့ ဘာမှမပြောလာဘဲ ကျွန်တော့်ကိုသာ ငေးကြည့်လာပြီး....
"သွားရအောင်... သူငယ်ချင်းတွေက တောင်ဇလပ်ပန်းတွေ ကြည့်ချင်တယ်တဲ့....။"
လက်လှမ်းလာသည့် ခေါင်းဆောင်လက်ကို တွဲလိုက်ပြီး နောက်မှာတော့ ခေါင်းဆောင်က ကျွန်တော့်နှင့်အတူ သူငယ်ချင်းတွေရှိသည့် နေရာသို့ သွားဖို့ ပြင်ဆင်လေသည်။
တစ်နေ့က....
ဒီကို ကလေးအထက်တန်းက ကျောင်းသားကျောင်းသူတွေ လာမယ်တဲ့....။ လာကြိုပေးချင်ပေမယ့် အဲ့ဒီမှာ ခေါင်းဆောင်နှင့်အတူ မောင်ငယ်ဖြစ်သူကိုပါ တွေ့နေသည်မို့.... တမင်တကာပင် မသွားဘဲ ရှိနေမိသည်။
မိမိအား မပြောမဆို... ဘွားကိုလည်း တစ်ယောက်တည်းထားပြီး လုပ်သွားသည်။ ပြီးတော့ ဒီချင်းတောင်တန်းကို သူ သေချာမသိ။ ထို့အတူ ဒီချင်းတောင်တန်းရဲ့ ခေါင်းဆောင်ကို သူက ပိုတောင်မသိသေးတာပင်.....။
အန္တရာယ်တွေ ဝိုင်းနေသည့် ခေါင်းဆောင်အနား နေတာမျိုးက ဘယ်လောက်အန္တရာယ်များလဲ ထိုကလေးမသိ။ ပြီးတော့ ခေါင်းဆောင်က တစ်ချို့တစ်လေနှင့်ဆက်န်နေသည်တဲ့....။ ခေါင်းဆောင်ရဲ့ စရိုက်... အကျင့်ကို လုံးဝသိမှာမဟုတ်သေး....။
မိမိကို တစ်ချက်မှမတိုင်ပင်ဘဲ ကျောင်းမပြီးသေးဘဲ ခေါင်းဆောင်နှင့်လက်ထပ်သွားသည်ဟူသော ကိစ္စက အတော်လေးကို စိတ်မခံမရပ်နိုင်စရာပင်....။
တမင်တကာပင် ပစ်ထားမိပေမယ့် သွေးရင်းသားရင် တအူထုံဆင်းမို့ စိတ်မဖြောင့်နိုင်ပါ။ အမြဲတမ်း သတင်းတွေကိုသာ နားစွင့်နေမိသည်။
အခုထိတော့ ဘာမှမဖြစ်သေးပေမယ့် တစ်ချိန်ချိန်ကျ ဘယ်လိုဖြစ်လာမလဲ မသိ....။
ချင်းတောင်တန်း...
ခေါင်းဆောင်က မနက်ပိုင်းအတွက် ကော်ဖီအနည်းငယ် သောက်ပြီးသည်နှင့် ကျွန်တော့်သူငယ်ချင်းများထံကို လိုက်ပို့ဖို့ ပြင်လေသည်။
အပိုင်း (၁၁)
Mulai dari awal