ထို verseအပိုဒ်ကိုဆိုနေချိန်တွင် စိမ်းနှင့် လမင်းမျက်လုံးချင်းဆုံသွားသည်။ လမင်းက chorus အပိုဒ်ကို စိမ်းမျက်၀န်းများအား သေချာကြည့်ကာ
"အကြိမ်ကြိမ်ရင်ခုန်မိသော မင်းမျက်၀န်း
အာရုံမှာငြိတဲ့မျက်၀န်း မင်းရဲ့အကြည့်မှာမြောနေတဲ့ မင်းရဲ့ မင်းရဲ့အချစ်မျက်၀န်း"

သီချင်းအဆုံးသတ်တော့ တစ်ဆိုင်းလုံးနီးပါးလက်ခုပ်တီးကြသည်။ လမင်း၏အသံမှာ အဆိုတော်တစ်ယောက် လားဟုတောင်ထင်ရသည်။ အားပေးလက်ခုပ်တီးတဲ့ထဲ ကောင်မလေးများကပိုများလေသည်။ ထိုချိန် စိမ်း ၏မျက်နှာမှာ အလိုမကျသောပုံစံနှင့် အမည်မသိခံစားချက်တွေဖြစ်ပေါ်လာသည်။ ဒါဟာ အချစ်ပဲလား
မေသော်တို့ကတော့ စစနောက်နောက်နဲ့ "အပျိုကြီးတစ်ယောက်ကတော့ လူအများကြီးရှေ့ flirt ခံလိုက်ရပြီဟေ့ "ဆိုလိုက်တော့ ရှက်ရမ်းရမ်းကာ ပြန်မယ်ဆိုပြီး ခုံမှ အထ အနောက်မှာ လမင်းတို့ကလည်းစိမ်းတို့ဝိုင်းရှ်ိသို့အလာ စိမ်းမှာခြေချော်ပြီး လမင်းရင်ခွင်ထဲကို လဲကျသွားကာ အလိုက်သင့်ထိန်းထားလိုက်သည်။
အမှန်တော့ လမင်း stageပေါ်မှ ကောင်းဆက်ပိုင်ရဲ့အမကို စိမ်းနဲ့အတူတွေ့တော့ ကောင်းဆက်ပိုင်အားအကူအညီတောင်းကာ သူ့အမဆီသွားရင်း စိမ်းနဲ့လည်း ရင်းနီမှုယူရန်ဖြစ်သည်။ အခုတော့ အခြေအနေတွေက ကံတရားကပဲနီးစပ်အောင်ဖန်တီးပေးနေသလားထင်ရ၏
ထို့နောက် သူငယ်ချင်းများက စိမ်းတို့အားထူပေးလေသည် ။ ထို့နောက် မေသော်ကပဲစပြီးတော့ "ခန့်ကို သီချင်းဆိုတာတကယ်ကောင်းတာပဲ အဲ့‌လောက်ဆိုတတ်မယ်မထင်ထားဘူး "
လမင်းလည်း "ဟုတ်ကဲ့ကျေးဇူးပါအမ။ ဒါနဲ့ ဒီကအမရောအဆင်ပြေရဲ့လားဗျ။ ဘယ်နားထိသွားသေးလဲ"
ထိုချိန်ကောင်းဆက်ပိုင်မှ သူ့အမအားအရိပ်အကဲပြလိုက်တော့ "‌ဪ ဒါနဲ့မိတ်ဆက်ပေးရဦးမယ် ၊ ဒါက အမသူငယ်ချင်း စိမ်းနေရည်မင်းတဲ့ ၊ဒီဘက်ကတစ်ယောက်က သီရိလွင်တဲ့ ၊ခန့်ကိုကတော့ စိမ်းကို သိမယ်ထင်တယ် ခုနက toilet ထဲဆုံတယ် ထင်တယ်"
"ဟုတ်ကဲ့ အမစိမ်းနေရည်မင်း တွေ့ရတာ၀မ်းသာပါတယ်နော်အမ "
စိမ်းကလည်း "ဟုတ်ကဲ့ပါလမင်းခန့်ကို ၊ jacket အတွက်လည်းကျေးဇူးပါ"
ထိုစဉ်ကောင်းဆက်ပိုင်ကဖော်ကောင်၀င်လုပ်ကာ "အမရေ ဒီကောင်ကအဲ့ jacket ကို ဘယ်သူမှအထိခံတာမဟုတ်ဘူး အမတစ်ယောက်ထဲ......"
လမင်း ပါးစပ်ကိုအမြန်ပိတ်ကာဆိုင်ပြင်သို့ဆွဲခေါ်သွားလေသည်။
ထို့နောက် လူစုခွဲ၍ အိမ်သို့ပြန်သွားကြသည်
___________
စိမ်းတို့လည်းအိမ်ပြန်ရောက်တော့ ရေချိုးအ၀တ်အစားလဲ ပြီး ည၀တ်အင်္ကျီအပါးလေးသာ၀တ်ထားလိုက်လေသည်။ ထိုသို့ ဘာမှမပြင်ထားသည့်တိုင် စိမ်း ၏မျက်နှာလေးမှာ ကြည်လင်နေပြီး သဘာ၀အလှတရားများကိုပိုငိဆိုင်ထားသော တရုတ်မလေးပင်ဖြစ်သည်။ ထို့နောက်စိမ်းလည်း ခုံပေါ်တွင်တင်ထားသော jacket လေးကိုကြည့်ကာ တစ်ခုခုကိုသတိရသွားဟန်ဖြင့် ဖုန်းကိုဖွင့်လိုက်သည်။ ထို့နောက် Facebook search barတွေ Lamin Khat Ko ဟုရိုက်ရှာလိုက်သော အခါ လမင်းရဲ့ skate stunk skill အများအပြားကျလာသည်။
တစ်ဖက်တွင်လည်းလမင်းက ကောင်းဆက်ပိုင်အမအကူအညီနဲ့ စိမ်းရဲ့ Facebook acc ကိုမေးကာ ချက်ချင်းသွားအပ်လိုက်သည်
စိမ်း လည်း stunkတစ်ချို့ကိုကြည့်ရင်း လမင်းအားချီးကျူးနေမိသည်။ သို့သော်ဘေးနားက‌သဲသဲလှုပ်ဖြစ်နေသော ကောင်မလေးများကိုတော့သူကြည့်မရပါ။ဒါဟာသ၀န်တိုတာလားဆိုဟုတိပါသည်။ ညနေက toilet ထဲမှာ နောက်ကနေသိုင်းဖက်လိုက်သည်က နွေးထွေးသလို ခံစားရပြီး စိမ်း၏ အိပ်ပျော်နေသော နှလုံးသားလေးအားနိုးလာစေသည်။
ထိုသို့ stunk vedio များကြည့်နေစဉ် notification တစ်ခုတတ်လာသည်။
ထိုအရာမှာ Lamin Khant Ko send friend request ဆိုသော notiလေး.......

___________________________________________

19.8.2023
12:47AM
Wan511

စိမ်းWhere stories live. Discover now