ပဝါပါးလေးစွန်းမှာဆိုး(၄)

Start from the beginning
                                    

သာအောင်နဲ့သာမောင် သူခိုင်းသလို သေချာမှ
လုပ်ရဲ့လားဟု သူကြီးစိတ်ပူနေသလို။
သူကြီးကတော်မှာလဲ သူ့သမီးကိုရွာပြင်ထုတ်ထား
ရပါ့မလားဆိုပြီး ခင်ပွန်းဖြစ်သူကို စိတ်ဆိုးနေလေ
ရဲ့။

"ငါ့သမီးလေး အဆင်မှ ပြေရဲ့လားမသိဘူး"

"ကိုယ့်ရွာနဲ့ကိုယ်ပဲကွာ စိတ်ပူမနေနဲ့"

သူတို့လိုပင် အိပ်မရသူတစ်ဦးရှိနေပါသေး
သည်။ထိူလူကတော့ မြလေးငုံပင်ဖြစ်သည်။
သက်ပြင်းအကြိမ်ကြိမ်ချရင်း အထွေးတို့ အဆင်မှ
ပြေပါ့မလားဟု တွေးနေမိသည်။
သူကြီးကိုလဲ စိတ်ထဲကအပြစ်တင်မိသည်။
သမီးမိန်းကလေးကို အပြစ်ပေးတာလဲ ပေးတယ်
ဆိုပေမယ့် ရွာပြင်ထုတ်ထားသည်ကတော့ မဟုတ်
သေးချေ။အထွေး သားအဖနှင့်လဲ ခက်ပါသည်။

.............

ရွာဦးကျောင်းက ကလတက်ခေါက်သံကြောင့်
ငယ်ထွေးအိပ်ပျော်နေရာမှ နိုးလာသည်။
ဘေးက ဖိုးထောင် ကတော့ ဟောက်သံပင်မပြယ်
သေး။
ဗိုက်ထဲကရစ်၍နာလာတာကြောင့် အင်္ကျီအိတ်ထဲက
သော့ကိုထုတ်ကာ ထိပ်တုံးကိုခတ်ထားသည့်သော့ခ
လောက်ကို ဖွင့်လိုက်သည်။

ဇရပ်ပေါ်က ခြေဖော့နင်း၍ ကိုချက်ကြီးတို့ တဲဘက်
တိတ်တဆိတ် ထွက်လာခဲ့သည်။
ရောင်နီမလာသေးတာကြောင့် အလင်းရောင်က
မှိန်ပြပြသာ။
ကိုချက်ကြီးတဲဘက် ရောက်တော့ ခွေးဟောင်သံ
ကြားရပြီးနောက် ကိုချက်ကြီးအသံကြားရသည်။

"နောက်ဖေးကဘယ်သူလဲဟေ့"

"ကိုချက်..ကျုပ်ပါ..အထွေး.."

ကိုချက်ကြီးက ရေနံဆီမီးခွက်ကိုကိုင်၍ အနား
ရောက်လာကာ ငယ်ထွေးမျက်နှာကို မီးရောင်
နှင့်ကြည့်ပြီး ရှုံ့မဲ့နေသည့်မျက်နှာထားနှင့် ဗိုက်ကို
လက်ဖြင့်ဖိထားသည့် ငယ်ထွေးကို မြင်တော့
အံ့သြသွားကာ

"အထွေး...နင်ဇရပ်ပေါ်မှာထိပ်တုံးခတ် ခံထားရတာ
မဟုတ်လား"

"ဟုတ်တယ်..ကျုပ်ဗိုက်နာလို့..အိမ်သာတက်ချင်
လို့.."

"အေးအေး..သွားတက်လေ...နေဦး..
ရေဆွဲသွားဦး"

ချက်ကြီးက လက်ထဲကမီးခွက်ကို ငယ်ထွေး
လက်ထဲထည့်ပေးခဲ့ကာ ရေတစ်ပုံး အပြေးလေး
သွားဆွဲလာသည်။

ပုဝါပါးလေး စွန်းမှာဆိုးWhere stories live. Discover now