"... ငါ မင်းကို ဘယ်သူမှ မသိတဲ့နေရာ ဝှက်ထားချင်လိုက်တာ....။"
ကျွန်တော်လည်း စိတ်ဆိုးနေတာမို့ အစ်ကို့ပိုက်ပွေ့မှုမှ ရုန်းထွက်နေမိသည်။ အစ်ကိုကတော့ ကျွန်တော့်ကို လွှတ်မပေးဘဲ ပိုက်ပွေ့မှုက ပို၍ ပို၍သာ တင်းကြပ်လာသည်။
နှစ်ယောက်သား အမြဲတမ်းလိုလို အိပ်နေကျ ဘုရားခန်းဘေး အိပ်သည့် နေရာ၌ ဖြစ်သည်။ ထိုဘေးနားက သင်ဖြူးဖျာပေါ်မှာ ခေါင်းအုံးနှင့် စောင်ငယ်လေးများကို ထားလေ့ရှိပြီး နေ့ခင်းနေ့လယ် အိပ်ဖို့အတွက် ဖြစ်သည်။
ထိုစိုက်ပျိုးရေးဆေးဆိုင်အဖွဲ့ ပြန်သွားကတည်းက ကျွန်တော့်ကို အပေါ်မှာ သူနှင့်အတူ ခေါ်ထားတာမျိုးပင်။ ကျွန်တော့်ကို ပွေ့ဖက်ရင်း ပွေ့ဖက်ရင်းကပင်... ကြာတော့ ကျွန်တော်က အစ်ကို့ရင်ခွင်ထဲ စုံးစုံးမြှုပ်။
ဒီ့ထက် ကျွန်တော်က သေးသေးလေး ဖြစ်နေတာမို့ အစ်ကို့ရင်ခွင်ထဲမှာ နစ်မြှုပ်နေမိသည်။အစ်ကိုကတော့ ကျွန်တော့်ကို ခါးမှ သူ့လက်တစ်ဖက်... ကျွန်တော့်ရင်ဘတ်ပိုင်းမှ သူ့လက်တစ်ဖက်ကို တင်းကြပ်စွာ ပိုက်ပွေ့ထားသည်။
အစ်ကိုက ကျွန်တော့်ပေါင်တစ်ဖက်ကို ကွေးထားပြီး ကျန်တစ်ဖက်က ထောင်လျက်သားပင်...။
"ဖယ်... ပျိုးငယ် အိမ်ပြန်အိပ်မယ်...။"
ထိုအချိန်မှာတော့ အစ်ကိုက ကျွန်တော့်ကို ကြည့်လာပြီး အရင်ကထက်တောင် ပိုတင်းကြပ်၍....။ ကြာတော့ ကျွန်တော့်လက်နှစ်ဖက်... ခြေထောက်တို့ကိုပါ အစ်ကိုက ချုပ်ထားသည်။
ခဏအကြာမှာတော့ အစ်ကို့ပွေ့ဖက်မှုက ပိုတင်းကြပ်လာပြီး ကျွန်တော် အသက်ရှုရခက်လာသည်...။
"မပြောတော့နဲ့...
ကြာရင်... အူတွေပါ ထွက်ကုန်လိမ့်မယ်....။""........."
ကျွန်တော်ကတော့ အစ်ကို့ရင်ခွင်ထဲ ရှိနေပြီး မပြောမဆိုဘဲ ဖြစ်နေတာမို့ အစ်ကိုက ကျွန်တော့်ကို တစ်ချက်ကြည့်လာပြီး....
"ခဏနေရင် မုန့်သွားစားမယ်... စိတ်မဆိုးတော့နဲ့...။"
မုန့်ဆိုတာနဲ့ စိတ်ဆိုးပြေရအောင် ပျိုးငယ်က နှပ်ချီးတွဲလောင်းနဲ့ သူငယ်နှပ်စား ကလေးလေးမဟုတ်ပါ။ ဒါကိုပင် ကလေးတစ်ယောက်လို အလွယ်တကူ ပြောနေပုံက စိတ်ပျက်စရာ....။
အပိုင်း (၆)
Start from the beginning