>>><<<
"ဒီနှစ်ကျောင်းပွဲကို တကယ် စီနီယာဟီဆွန်းလာမှာပဲ!"
"ကိုရီးယားကို ခဏပြန်ရောက်နေတာများလား။ ဒီပွဲကိုလာဖို့သက်သက်တော့ ပြန်လာတာ မဟုတ်လောက်ဘူးထင်တယ်နော်"
"ဘာပဲဖြစ်ဖြစ် စီနီယာက စန္ဒယားတီးနေတဲ့အချိန်တွေဆို သိပ်ကြည့်ကောင်းတာ"
"စီနီယာကိုက တေးသွားလေးနဲ့တူလို့ဖြစ်မယ်"
"ငါတော့ ထပ်မစောင့်နိုင်တော့ဘူး။ ကျောင်းပွဲတော်နေ့ကိုအမြန်ရောက်ချင်လှပြီ!"
ကျောင်းပွဲတော်အတွက် board ပေါ်မှာကပ်ပြီးကြော်ငြာထားတဲ့ event တွေကိုလိုက်ကြည့်ရင်း ဘေးနားကကျောင်းသူလေးနှစ်ယောက်ထံမှ တီးတိုးစကားသံကို ဂျုံဆောင်း မထင်မှတ်ဘဲကြားလိုက်ရသည်။
ပခုံးပေါ်ကဂစ်တာအိတ်ရဲ့ကြိုးကိုဆွဲကိုင်ထားသည့် ဂျုံဆောင်းလက်တို့ ပိုလို့တင်းကျပ်သွားပါရင်း။
ဝင်သက်ထွက်သက်တွေမြန်ဆန်လို့ အမည်တပ်မရသည့်ခံစားချက်တွေကလည်း လည်ချောင်းဝထိလှိုက်တက်လာသည်မှာ မျက်ဝန်းအိမ်စိုင်အတွင်း အရည်ကြည်တို့တောင်ဝေ့သီလာရသည်။
သူ နေရာမှလှည့်ထွက်လာခဲ့သည့်အထိ ထိုကျောင်းသူလေးနှစ်ယောက်ဟာ ထိုဟီဆွန်းဆိုသူကို ချီးမွမ်းခန်းဖွင့်လျက်ရှိနေဆဲဖြစ်၏။
အီဟီဆွန်း။ မတွေ့ရတာကြာပြီပဲ။
-
"ဂျုံဆောင်း မင်း ဒီသီချင်းကိုတကယ်တီးမှာလား"
"အင်း။ ဒီသီချင်းကိုပဲတီးကိုတီးမှာ"
ဆောင်းဟွန်းက ဟင်းခနဲသက်ပြင်းကိုချပြီး သူ့ပခုံးကိုနှစ်သိမ့်ဟန် သုံးလေးချက်ပုတ်သည်။ ဂျုံဆောင်းရဲ့ဝေဝါးနေတဲ့ မျက်ဝန်းအကြည့်တွေ့ကတော့ ဂစ်တာကြိုးတွေပေါ်မှာ။