[ဒန်နာရီရိုစဲဆလပ် အဆင့် (52) ဂုဏ်ယူပါသည်]
Systemရဲ့ကြေငြာချက်ပြီးဆုံးသွားတဲ့အချိန်မှာ လူတိုင်းက အာစေးနေကြတော့သည်၊ပထမနှစ်ရဲ့ပထမတန်းကကျောင်းသားတစ်ယောက်က အဆင့်တစ်ရာသတ်မှတ်ချက်ထဲကို ဝင်သွားတယ်၊ဒါဘယ်လိုတောင်ကြောက်စရာကောင်းချက်ကြီးလဲ၊
ချဲလ်ကလည်း ကြေငြာချက်ကြားပြီးတာတောင် သူရှူံးနိမ့်သွားသည်ကိုမယုံကြည်နိုင်သေးပေ၊သူက အရှိန်အဝါတွေပြန်သိမ်းသွားတဲ့ဒန်နာရီကိုစိုက်ကြည့်နေမိသည်၊
"မင်းမှာ အလင်းစွမ်းအားအသုံးပြုနိုင်တဲ့spiritရှိတယ်..."
"အင်း ရှိတယ်...တကယ်တော့ ခင်ဗျားက ကျွန်တော့်ကို ဘယ်နေရာမှကို မယှဉ်နိုင်ဘူး ပြီးတော့ ကိုကိုနဲ့ကျွန်တော့်ကို ထိုက်တန်လား မတန်ဘူးလားဆိုတာ ခင်ဗျားတို့ဆုံးဖြတ်စရာမဟုတ်ဘူး..."
ဒန်နာရီက ထိုစကားပြောပြီးနောက်မှာ ပြိုင်ပွဲကနေထွက်လာတော့သည်၊ထိုနောက်မှာ ဂျော့ဖရေးဆီကိုသာ သွားလိုက်သည်၊
"ဂုဏ်ယူပါတယ်" ဘေးနားရှိ ရှီရယ်တို့ကလည်းဂုဏ်ယူစကားပြောလိုက်သည်၊ဒန်နာရီကစကားနည်းနည်းပြောလိုက်ပြီးနောက်မှာ ဂျော့ဖရေးလက်ကိုကိုင်ကာ သူတို့နှစ်ယောက်က အတူထွက်သွားတော့သည်၊
သူတို့တွေမသိခဲ့တာ ဒန်နာရီရဲ့အနိုင်ရရှိမှုကြောင့် ချဲလ်ရဲ့နှလုံးသားမှာ အမှောင်စွမ်းအားများကပ်ငြိသွားတော့သည်၊သူဟာ ဂျော့ဖရေးနဲ့ဒန်နာရီကို မုန်းတီးစွာစိုက်ကြည့်ပြီးနောက်မှာ ထွက်သွားတော့သည်၊အခြားသူတွေက သူ့ကို လာရောက်နှစ်သိမ့်ပေးနေတာတောင် သူဟာ ဒန်နာရီကိုမုန်းတီးနေဆဲပင်၊ဒန်နာရီက ဂျော့ဖရေးကို လုယူသွားရုံသာမကဘူး လူအများရှေ့မှာ သူ့ရဲ့မာနကို ရိုက်ချိုးသွားခဲ့သည်၊
ဒန်နာရီ ရိုစဲဆလပ်...တစ်နေ့မှာ ဒီအကြွေးကို မင်းပြန်ပေးဆပ်ရလိမ့်မယ်၊
----
ဂျော့ဖရေးနဲ့ဒန်နာရီကတော့ ချဲလ်ရဲ့အတွေးတွေကို မသိပေ၊သူတို့ဟာ လူသွားစင်္ကြံမှာတစ်ယောက်လက်တစ်​ယောက်ကိုင်ထားရင်း လျှောက်နေတော့သည်၊သူတို့နှစ်ယောက်လုံးက စကားတွေမပြောပေမယ့် လေထုကတော့ သက်သောင့်သက်သာနဲ့သာတည်ရှိနေတော့သည်၊ဘေးကနေဖြတ်သွားတဲ့သူတွေကလည်း ပြုံးစိစိနဲ့သာ၊