ကျွန်တော်မှားတာပါ ကိုကို

Start from the beginning
                                    

အဘယ်ကြောင့်ဆိုသော် ကိုကိုနှင့်သူဟာ တစ်ယောက်နှင့်တစ်ယောက် မချစ်ကြပါ။

အဲ့တာထက် သူ(ယူဂျင်း) ဘက်ကတစ်ဖက်သတ်အချစ်ဆို ပိုမှန်မည်။

ပြီးလျှင် ကိုကို့မှာသူ(ကိုကို) ချစ်ရတဲ့ သူ(မ) ရှိသည်မဟုတ်ပါလား?

အခုကော သူ(ယူဂျင်း)က တတိယမြောက်လူတစ်ယောက် ဖြစ်သွားသည်လား?

အို..ဘာပဲဖြစ်နေပါစေဦး

သူ(ယူဂျင်း) ကိုကို့ ကိုပိုင်ဆိုင်ရတော့မှာပဲဟာ..

~

ယူဂျင်းတွေးနေရင်း ဆက်တွေးနေမိသည်။

ကိုကိုသာသူ့အချစ်တွေကို ဟိုးးးငယ်ငယ်လေးကတည်းက ရှာတွေ့ခဲ့ပြီး သူကိုကို့ကိုဘယ်လောက်ချစ်ကြောင်း သိနေရင်ဘယ်လောက်ကောင်း လိုက်မည်နည်း ဟူ၍

~

//2016//

ယူဂျင်းအသက် ၉ နှစ်

ကယူဗင်းအသက် ၁၁ နှစ်

"ကိုကို"

"ဗျာ ယူဂျင်း"

"သွား ကစားကြရအောင် သားလည်း အိမ်စာလုပ်လို့ပြီးပြီ ကိုကိုလည်း ပြီးပြီ အဲ့တာဆိုသွားဆော့လို့ရပြီပေါ့"

"ဆော့တာကတော့ ဟုတ်ပါပြီ ယူဂျင်းရယ် ဘာဆော့ကြမ‌ှာတုန်း"

"ဘောလုံးကန်မယ်လေ ကိုကိုကလည်း"

"ဟန်ယူဂျင်း! မိုးအဲ့လောက်ရွာနေတာကို ဖျားချင်လို့လား ဒီလို အချိန်မဟုတ်အခါမဟုတ်မိုးက မိရင်ဖျားတက်တယ် မဖျားချင်ရင်တောင် ဖျားမှာ မဆော့ဘူး!"

"ကိုကိုရယ် လုပ်ပါနော် ကိုကို"

"နိုး puppy eyes လေးတွေနဲ့လာလုပ်ပြမနေနဲ့ ဒီလိုနေရာဆို ဒါမျိုးလည်း ရင်မခုန်ဘူး လစ်"

"အဲ့တာဆိုလည်း ကိုယ့်ဘာသာကိုယ်ပဲ ဟိုဘက်အိမ်က 'ယူဂျင်းကို သဘောကျတယ်' ဆိုတဲ့သူငယ်ချင်းလေးတွေနဲ့ သွားဆော့တော့မယ်"

ခေါ်မရတော့ ရတဲ့နည်း 169 မျိုးထဲကတစ်မျိုးကို ရွေးကာ အပိုင် ပိုင်းလာခဲ့သည်။

ကိုကိုကတော့ ယူဂျင်းတကယ်မလုပ်ဘူး ဟုထင်၍ အိမ်၏အပေါ်ထပ်တွင်ကျန်ခဲ့သည်။

~𝖧𝖨𝖬~ : 규진 [ᴄᴏᴍᴘʟᴇᴛᴇᴅ]Where stories live. Discover now