ပဝါပါးလေးစွန်းမှာဆိုး (၁)

Start from the beginning
                                    

"စိတ်ကိုထိန်းပါ ကိုဘချစ်ရယ်၊ ဖြစ်နေကျပဲကို တော်..
ခြေလွန်လက်လွန်ဖြစ်ကုန်မှဖြင့် ခက်ရချည်ရဲ့"

"မင်းဘာမှ တရားချမနေနဲ့၊ဧည့်သည်တွေရှေ့ရှက်ဖို့ကောင်းတယ်၊ ဧည့်သည်တွေကို သေချာဧည့်ခံထား၊ဒီတစ်ခါတော့ ဒင်းတို့နှစ်ကောင်ကို မှတ်သားလောက်
အောင်ကို ဆုံးမပစ်ရမယ်"

သူကြီးဦးဘချစ် လက်စွဲတော်နှစ်လုံးပြူးသေနတ်ကို ကိုင်
၍ ခြံဝိုင်းထဲမှ ဒေါသတကြီး ထွက်သွားတော့သည်။

"သူကြီးကတော် ကျုပ်တို့လဲ ဆရာတော့်ဆီ သွားလိုက်ဦး
မယ် ၊ မြို့ကဧည့်သည်တွေက ညနေမှရောက်မလား မသိ
ဘူး"

"ဟုတ်ကဲ့ပါ ဆရာကြီး "

^^^^^^^

"သူကြီးလိုက်လာနေပြီ...ပြေးကြတော့ဟေ့...
သူကြီးလာနေပြီ..."

ရွာလယ်လမ်းမအတိုင်း ပုဆိုးစလေးမ.ကာ.မ.ကာနှင့်
အော်၍ပြေးထွက်လာသည့် ငခွေးအသံကြောင့် ရွာထိပ်ညောင်ပင်ကြီးအောက် သစ်မြစ်တွေ
ကြား အတုံးအရုန်းလှဲ၍ အနားယူနေသည့် လူတစ်စု ငေါက်ခနဲ ထထိုင်လာကြတော့သည်။

"သာမောင်ရေ..အဘလိုက်လာပြီတဲ့ဟ၊ဘယ်လိုလုပ်ကြ
တော့မတုန်း"

"အာ..အစ်ကိုကြီးကလဲ..ပြေးတော့လေဗျာ၊ထိပ်တုံးစာ
မိချင်လို့လား"

"အထွေးနဲ့ဖိုးထောင်ကိုကော ဘယ်လိုလုပ်ကြမလဲ"

"ထားခဲ့လိုက်ဗျာ...ကျုပ်တော့ပြေးပြီ"

သာမောင်က ပြောပြောဆိုဆိုဖြင့် ပုဆိုးကွင်းသိုင်းကာ
ဖိနပ်နှစ်ဖက်ကို ဘောင်းဘီခါးကြားထိုး၍ ဖိနောင့်နှင့်တင်ပါး တသားတည်းကျအောင် သုတ်ခြေတင်ပြေးတော့သည်။

"သာဂိ၊သံချောင်း အဘလိုက်လာပြီတဲ့ ပြေးကြတော့"

ဇရပ်ပေါ်လှဲနေကြသည့် သာဂိနှင့်သံချောင်းလဲ လူးလဲ
ထလာကြသည်။

"ဟာ..သူကြီးဆီမှာ အမိခံလို့မဖြစ်ဘူး၊ထိပ်တုံးနဲ့ညားမှ
ဖြင့်...ဟေ့ကောင်..ဖိုးထောင်ကိုသွားခေါ်"

ပုဆိုးပြင်ဝတ်သူကဝတ်၊ဇရပ်ပေါ်က ဆင်းပြေးသူကပြေး၊
ဖိနပ်ကောက်သူကကကောက်နှင့် ယောက်ယက်ခက်နေ
တော့သည်။

ပုဝါပါးလေး စွန်းမှာဆိုးWhere stories live. Discover now