သူကြီး သမီး

Start from the beginning
                                    

ညောင်ပင်တန်းကျေးရွာအုပ်စုတွင် ရွာပေါင်း ခုနှစ်ရွာ
ရှိလေသည်။
၎င်းတို့မှာ ညောင်ပင်တန်း ၊ တမာစု ၊ လက်ပံကုန်း ၊
မန်ကျည်းတော ၊ ထနောင်းစု ၊သရက်တော နှင့် ထန်း
သုံးပင် ရွာတို့ဖြစ်သည်။

ရွာခုနှစ်ရွာအတွက် ကျေးလက်ဆေးပေးခန်းက တစ်ခု
သာရှိတာကြောင့် သာမန်ဖျား၊နာမှုမျိုးအတွက် အ
ကြောင်းမဟုတ်ပေမယ့် ကြီးကြီးမားမားရောဂါ များ
အတွက်ဆိုလျှင် မြို့ဆေးရုံကို သွားရောက်ကုသမှ
အဆင်ပြေမည်ဖြစ်သည်။

ထို့ကြောင့် သက်ဆိုင်ရာ ရွာလူကြီးများနှင့် ရွာဦးကျောင်း
ဆရာတော် မှ ခရိုင်မြို့နှင့်ညောင်ပင်တန်းရွာကို ဆက်သွယ်သွားလာနိုင်မည့် ကုန်းလမ်းခရီးတစ်ခု ဖောက်
လုပ်ကြရန် တိုင်ပင်ကြခြင်းဖြစ်သည်။

........

ဓမ္မာရုံထက် ရပ်ရွာလူကြီးတွေ ဆွေးနွေးတိုင်ပင်နေကြ
သလို ၊ ကျောင်းဝန်းအတွင်းရှိ ဇရပ်ကြီးပေါ်၌ ရွာထဲမှ
နွေရာသီ ယဥ်ကျေးလိမ္မာ သင်တန်း လာ၍တက်ရောက်
နေသော ကလေးတစ်စုသည်လဲ နှီးနှောဖလှယ်ပွဲ ပြုလုပ်
နေကြသည်။
ဆွမ်းစား တုံးမောင်း ခေါက်သံကြောင့် စာချကိုယ်တော်
လေးမှ သင်ပုန်းတွင် စာတစ်ပိုဒ် ရေးပေးခဲ့ပြီး ကူးရေး
ထားဖို့မှာကာ ဆွမ်းစားကြွသွားလေသည်။
စာချကိုယ်တော်လေး ဇရပ်ပေါ်မှ ဆင်းသွားသည်နှင့်

"ငါ့အဘက ဒီတစ်ခေါက် မြို့တက်ရင် လေဒီရို ဝယ်
မယ်လို့ပြောတယ်ကွ"

"ဟာ..ဒါဆို ငါတို့ နင့် အိမ်မှာလာပြီး လေဒီအို ဇာတ်လမ်း
တွေ နားထောင်လို့ရပြီပေါ့ နော် ဟုတ်လား ဖိုးထောင်"

"ဒါပေါ့ကွ...လေဒီရို ဇာတ်လမ်းတွေ တစ်ဝကြီး နား
ထောင်လို့ရပြီ "

သာဂိရဲ့ အမေးစကားကို ဖိုးထောင်က ဝင့်ကြွားစွာဖြင့်
လေသံအနည်းငယ်မြှင့်၍ ပြန်ပြောသည်။
ထိုအခါ
တစ်ဖက် စားပွဲဝိုင်းမှာ ထိုင်နေသည့် မိန်းကလေးအဖွဲ့
ထဲမှ အသံထွက်လာသည်။

"အထွေး..နင်တို့အိမ်က သီချင်းနားထောင်လို့ရတဲ့
စက်ကြီးကို ဘယ်လိုခေါ်တာ "

"ကက်လဆက် ၊ ကက်လဆက် လို့ခေါ်တယ်
လေးထောင့်အပြားလေးကို အဲ့ကက်လဆက်ထဲ
ထည့်လိုက်ပြီး ခလုတ်နှိပ်လိုက်ရင် သီချင်းသံထွက်
လာကော"

ပုဝါပါးလေး စွန်းမှာဆိုးWhere stories live. Discover now