"ကိုသိုက်တို့.ညီအစ်ကိုနှစ်ယောက်က လိုက်လည်းလိုက်ပါတယ်"

ဦးနဲ့လှိုင်းရဲ့ ပက်သက်မှုကို ညီအစ်ကိုဇုံထဲ ဇွတ်သွင်းနေတဲ့ ဦးနေရောင် စကားကို

"ကိုယ်တို့ ပက်သက်မှုကို နေရောင် အကဲမခပ်မိဘူးထင်တယ်
ကလေးက ကိုယ့်ညီလေးမဟုတ်ပါဘူး
ကိုယ့်ချစ်သူလေ.. အင်း..ကိုယ့်အိမ်သားလို့ပြောရင်ပိုမှန်မယ်ထင်တယ်..ဟား"

အပြုံးအရယ်မပျက်ဘဲ တုံ့ပြန်လိုက်တဲ့ ဦးပုံစံကတော့ မသိချင်ယောင်ဆောင်နေတဲ့ဦးနေရောင်ကို တိုက်ခိုက်နေတာ သိသာစွာနဲ့

ခနတွင်းချင်း ပြောင်းလဲသွားတဲ့ သိုက်ရဲ့ အပြုအမူတွေကို မရိပ်မိတဲ့ လှိုင်းကတော့ နေရောင် ခံလိုက်ရတာကိုပဲ ကျေနပ်နေမိပြီး

"အော်...အင်း...ကျွန်တော်.. မရိပ်မိလိုက်ဘူး"

အောင့်သက်သက်ပြန်ပြောလိုက်တဲ့ ဦးနေရောင် ပုံစံကြောင့် နည်းတောင် နည်းသေးတယ်လို့ တွေးလိုက်မိတဲ့အထိ

---------------------------

"ဦး"

"ဗျ"

သူ့ရင်ခွင်ထဲမှီနေရင်း ခေါ်လိုက်တဲ့ ကလေးက သိုက် ထူးလိုက်မှ

"လှိုင်း မေးစရာရှိလို့ပါ"

"မေးလေ ကလေး ဘာသိချင်လို့လဲ"

ဦးအံဆွဲထဲမှာတွေ့တဲ့ ဓာတ်ပုံနဲ့ ဖေဖေ့ချစ်သူလှိုင်းကိုပေးခဲ့တဲ့ ဓာတ်ပုံနှစ်ခုကို တိုက်ကြည့်ပြီး ဦးက ဖေဖေ့ချစ်သူ မွေးစားခဲ့တဲ့ကလေးဆိုတာ လှိုင်း သေချာ သိထားရပေမယ့်
ဦးချမ်းအိမ်ပြောခဲ့တဲ့ လပြည့်ဆိုတဲ့နာမည်ကိုတော့ ဂေဟာက လူတွေကတောင် ခေါ်တာမကြာဖူး၍ လှိုင်း နားမလည်နိုင်ဘဲ ဖြစ်နေရသည်

"ဟိုလေ... ဦးမှာ ငယ်နာမည်တွေ ဘာတွေ ရှိလား ဟင်"

ချိတုံချတုံဖြစ်နေပြီးမှ မေးလိုက်တဲ့ လှိုင်းမေးခွန်းကို
ဦးက အဓိပ္ပါယ်ပါပါပြုံးလိုက်ရင်း

"ငယ်နာမည်ရယ်လို့ မဟုတ်ပေမယ့်
ကိုယ့်မွေးစားအဖေ ပေးခဲ့တဲ့ နာမည်တစ်ခုတော့ရှိတယ် လပြည့်တဲ့
ကိုယ်က အပြုံးအရယ်နည်းလွန်းတော့ သူနဲ့နေတဲ့အခါကျရင် တိမ်ကင်းစင်တဲ့ လပြည့်ဝန်းလို အမြဲတမ်း ပြုံးရွှင် ရယ်မော နေရအောင် ထားပေးမယ်လို့ ကတိပေးပြီး အဲ့ဒီ့နာမည်ကို ပေးခဲ့တာလေ"

အချစ်ဖြင့် ခြယ်မှုန်းသော (bl) completedTempat cerita menjadi hidup. Temukan sekarang