အပိုင်း (12.2)

Start from the beginning
                                    

နန်ဟွေး က ဒီလောက် များပြား ရှုပ်ထွေး တဲ့ ခံစားချက် တွေကို မကိုင်တွယ် နိုင်ပါပေ။ ဒါကြောင့် သူက အဲ့ခံစားချက် တွေကို သူ့ရဲ့ နှလုံးသား ထောင့် တစ်နေရာမှာ ထိန်းသိမ်း ထားကာ အဲ့တာ တွေကို လျစ်လျု ရှုထား သလို ဟန်ဆောင် နေခဲ့ လေတယ်။

ဒါပေမယ့် အဲ့ အ​ကြောင်း ကို တွေးနေ သမျှတော့ နန်ဟွေး ခမျာ အတော်​လေး ကို ခေါင်းကိုက် ရ ​နေဆဲ ဖြစ်တယ်။ ပြီးတော့ သူ့ရဲ့ ယုန်နားရွက်ကို အရူး တစ်ယောက် လို ဖြစ်ညှစ် ပစ်ချင်စိတ် တွေ ပေါ် လာ လေလေ ပဲ ဖြစ်လေတယ်။

အတို ​​ပြောရရင် နှစ်ယောက် လုံးက သွားဖို့ ဆုံးဖြတ် ကြ ပြီးတော့ သူတို့ သဘော တူပြီးတဲ့နောက် အတူတူ သွား ကြည့်မှာ ပဲ ဖြစ်လေတယ်။

....................

နောက်တစ်နေ့ မှာတော့ ဝမ်ဟန် က နန်ဟွေး အတွက် အဖြူရောင် ရှပ်အင်္ကျီ နဲ့ အပြာရောင် ဂျင်းဘောင်းဘီ တို့ကို ရွေးပေးထား လေတယ်။ အဲ့တာ လေး က တက်ကြွ တဲ့ ပုံပေါ် စေကာ အခုမှ ပညာ သင်ပြီး ကာစ လန်းဆန်းတဲ့ ကောလိပ် ကျောင်းသား လေးနဲ့ တူစေလေတယ်။ ပြီးတော့ အဲ့တာ က သူ့ရဲ့ နိုင်ငံသား စီစစ်ရေး ကဒ်ပြား ပေါ်က အသက် နဲ့လည်း ကိုက်ညီ စေတယ်လေ။

ယိဟွား ရဲ့ လုပ်ငန်းနေရာ အဆောက် အအုံ က အလုပ်အရှုပ်ဆုံး မြို့လယ်ခေါင်မှာ ရှိနေ ပေမယ့်လည်း ဝမ်ဟန် ရဲ့ အိမ်လေး ကလည်း အစ ကတည်းက  မြို့လယ် ထဲမှာ ရှိနေတာ ဖြစ်တာ ကြောင့် မြေအောက် ရထားနဲ့ သွားလိုက်ရုံ တင် တိုက်ရိုက် ရောက်နိုင်တာ ပဲ ဖြစ်လေတယ်။

နန်ဟွေး အတွက် မြေအောက် ရထား စီးရတာ ပထမဆုံး အကြိမ် ဖြစ်တဲ့ အပြင် ဘတ်စ် ကား စီးတုံး က အတွေ့အကြုံနဲ့ ခံစားချက် အတော်လေး ကွာခြား နေခဲ့ လေတယ်။

မြေအောက် ရထား မှာ ထိုင်စရာ ဘေးနှစ်တန်း ရှိပြီးတော့ မောင်းနှင်မှု လုပ်ငန်းစဥ် ကလည်း ခရီးတို ပြေးဆွဲတဲ့ ဘတ်စ် ကားတွေ ထက် ပိုပြီးတော့ ချောမွေ့လေတယ်။

မြေအောက် လှိုဏ်ခေါင်း တွေ ထဲနေ ဖြတ်သွားတဲ့ အချိန်ဆို ရင် အလင်းရောင်က ချက်ချင်းပဲ မှိုန်ကျ သွားလေတယ်။ ထိုနေရာ ပြေးလမ်းရဲ့ ဘေးမှာလည်း ကြော်ငြာဘုတ် တွေ ရှိပြီး အလင်းရောင် ပြန်ဟပ် နေခဲ့လေတယ်။

ယုန်လေး က သားပေါက်လေးကို ပျိုးထောင်ဖို့ မတက်နိုင်ဘူး [BL] Where stories live. Discover now