(၁)🌼

549 76 8
                                    

Unicode

"ဂျော့ရှ် အရှိန်လျှော့!"

မြက်ခင်းစိမ်းပေါ် ပြေးလွှားနေသည့် မြင်းခွါသံပြင်းပြင်းနောက်မှာ "ဂျော့ရှ်" ဟု အော်ခေါ်လိုက်သော ယောက်ျားသံတစ်သံထွက်လာသည်။

"ဂျော့ရှ်"

ဒုတိယမြောက်အော်သံမှာ ဖျတ်ခနဲလှည့်ကြည့်လာသည့် မြင်းပေါ်ကလူ၏ မျက်လုံးတွေ...။ ထိုလူ၏ဘယ်ဘက် ပါးမို့ပေါ်တွင်က မကြီးသော်လည်းထင်းနေသည့် မှဲ့နက်တစ်လုံးရှိနေသည်။ နတ်ဘုရားတွေ ခေါင်းချင်းဆိုင်ကာ ထုဆစ်ထားသည့် မျက်နှာမျိုးနှင့် ထိုလူသည် သန်မာထွားကျိုင်းသည့် မြင်းနက်ကြီးပေါ်၌ အပြာရောင်Suitကို ခမ်းနားစွာ ဝတ်ဆင်ထားသည်။

သူသည် "ဂျော့ရှ်"ဟူသော သူ့နာမည်တစ်ခုတည်းကိုသာ ကြားနေရသည်မဟုတ်။ ရွေ့လျားမှုတစ်ခုချင်းစီက ထွက်ပေါ်လာသည့် ဘယ်ကလာမှန်းမသိသောခြူသံတစ်ခုကိုပါ ကြားနေရခြင်းဖြစ်သည်။ ထိုခြူသံကိုကြားရသည်နှင့် ပတ်ဝန်းကျင်ကအသံတွေအားလုံးကို ဂျော့ရှ်မကြားရတော့။ ချွင်ခနဲ ချွင်ခနဲနေအောင် ရင်ထဲထိလှိုက်စားလာတတ်သော ထိုအသံကိုကြားတိုင်း ထိုအသံနောက်ကိုသာ အသိစိတ်ပျောက်ပြီး လိုက်နေတတ်သည်။

လူမှန်းသိတတ်စအရွယ်တည်းက ကြားခဲ့ရသည့်ထိုခြူသံ...။ ငယ်ငယ်ကတော့ တစ်နှစ်မှတစ်ခါလောက်သာ ကြားရပေမယ့် အသက်၂၀ကျော်သည့်အချိန်မှစကာ ယခု ၂၃နှစ်အထိ နေ့တိုင်းကြားလာခဲ့ရသည်။

ဂျော့ရှ်သည် မြင်းကို အရှိန်သတ်ကာ အနောက်က အမှုထမ်း Adonisဆီသို့ ပြန်ကွေ့လာခဲ့သည်။ မြင်းပေါ်ကနေဆင်းသည့် ဂျော့ရှ်ခြေထောက်တွေတုန်နေခဲ့ပြီး နဖူးမှာလည်း ချွေးစတွေစို့နေသည်။ Adonisသည် စိတ်နှင့်လူနှင့် ကပ်ပုံမရတော့သည့် မိမိ၏သခင် အိမ်ရှေ့စံအနားသို့ ပြာပြာသလဲပြေးလာသည်။

"ဘယ်လိုဖြစ်တာလဲ အိမ်ရှေ့စံရာ။ ဒီပုံစံအတိုင်းဆို နောက်တစ်ခါ ဘုရင်ကြီးက မြင်းစီးခွင့်ပေးတော့မှာမဟုတ်ဘူး။"

Adonis၏စကားကို နားထောင်ရင်း ပေးလာသည့် ရွှေရောင်ရေဘူးလေးကို ဂျော့ရှ် အငမ်းမရမော့သောက်နေသည်။ Adonisဆိုတာ ခမည်းတော်၏ သူငယ်ချင်းဖြစ်သူ မြို့စား၏သား..။ သူနှင့် သက်တူရွယ်တူ ဆော့ဖော်ဆော့ဖက်ဆိုလည်းဟုတ်သည်။ ကြီးလာသည့်အခါ ခမည်းတော်နှင့် သူ့အဖေလိုပင် ဂျော့ရှ်အနားမှာနေပြီး အမှုထမ်းခဲ့သူလည်းဖြစ်သည်။

"အယ်လန်..." [Completed]Opowieści tętniące życiem. Odkryj je teraz