"ဟားးဟားဟားး တယ်လည်းမှန်တကိုး ငါ့ရဲ့သမီးတော်ရဲ့အလှကတော့ မင်းသမီးဖော်မပြရင်တောင် ငါသိပြီးသားပါလေ"

"မှန်လှပါ ဒီတော့အရှင်မင်းကြီးအကိုကျွန်တော်မျိုးပတစ်ခုလောက်ကမ်းလှမ်းပါရစေ"

"ဘာများလဲ"

"ကျွန်တော်မျိုးမတို့တိုင်းပြည်နှစ်ခုငြိမ်းချမ်းရေးယူဖို့ အရှင်မင်းကြီးရဲ့သမီးတော်ကို ကျွန်တော်မျိုးမနဲ့ထိမ်းများလက်ဆတ်ခွင့်ပြုပါ"

ထိုစကားအဆုံး ညီလာခံတစ်ခုလုံးအုတ်အော်သောင်းတင်းတွေဖြစ်ကုန်လျက် မိဖုရားခေါင်းကြိးရဲ့အကြည့်တွေဟာလည်း မီးဟုန်းဟုန်းတောက်လာကာ မကြာမီဒီညီလာခံနဲ့အတူ နနိးတော်တစ်ခုလုံးပြာကျနိုင်လောက်သည့်အကြည့်နှင့် ထိုမင်းသမီးကိုစိုက်ကြည့်နေသည်

ထိုအချိန် မင်းသမီးလီလီမှာတော့ ကြောင်အနေသည်

"ဘာ မဖြစ်နိုင်တာတွေ ငါရဲ့သမီးတော်ကို ဘယ်တစ်ခုတစ်ယောက်မျှထိမ်းများလက်ဆက်ခွင့်မပြုနိုင်ဘူး"

"ဘာကြောင့်များလဲအရှင်မင်းကြီး "

ညီလာခံရဲ့အရှိန်ဟာတော်တော်လေးကိုပွဲဆူလာလေပြိး

"ငါရဲ့သမီးတော်ကို မင်းညီမင်းသား အရှင်ဘုရင်တွေနဲ့တောင်သဘောမတူခဲ့တာ မင်းသမီးလို့ အမျိုးသမီးတစ်ယောက်နဲ့သဘောတူစရာဘာအကြောင်းမှမရှိဘူး"

"ဒါဆို နှစ်နိုင်ငံချစ်ကြည်ရေးကကောအရှင်မင်းကြိး သေချာစဉ်းစားပါ "

"ဒီချစ်ကြည်ရေးအတွက်ငါ့ရဲ့သမီးတော်ကိုပေးမယ့်အစား စစ်ပွဲဘဲနွဲလိုက်မယ် မင်းသမီးပြန်ပါ အသင့်ရဲ့အိမ်တော်ရှိရာကို အသင့်ရဲ့ဖခမည်းတော်ကိုပါသတင်းပါးလိုက်ပါ ငါက ဒီချစ်ကြည်ရေးအစီအစဉ်ကိုဖျက်ပါတယ်လို့ ကဲဒီနေ့ညီလာခံပြီးစေ"

ထိုစကားအဆုံး မင်းကြီးဟာ မိဘုရားနဲ့ မင်းသမီးနားသို့သွားကာနှစ်ဦးလု့းရဲ့လက်ကိုကိုင်၍ ထိုမင်းသမီးရှေ့မှ ထွက်လာခဲ့သည်

သေချာတာကတော့ ထိုမင်းသမီး သူမရဲ့အိမ်တော်မှာ တညပြည့်အောင်နေလိုက်ရမည်မဟုတ်ပေ

နန်းတွင်းတစ်နေရာကအချစ်Where stories live. Discover now