Bubble Tea [• JAYHOON•]

601 45 32
                                        

Unicode

ဆောင်းဟွန်းက bubble tea ကြိုက်သောကောင်လေးဖြစ်သည်။ သူပြောတာတော့ အရည်ရအဖတ်ရလို့တဲ့။ သူ့ဟာနဲ့သူတော့ဟုတ်နေသည့် ဂျုံဆောင်းရဲ့အူတူတူငယ်ပေါင်းကြီးဖော်လေးဖြစ်သည်။

တစ်ခါတစ်ခါအူကြောင်ကြောင်အပြုအမူလေးတွေလုပ်တာကလွဲရင် ချစ်စရာကောင်းတဲ့ကောင်လေးတစ်ယောက်ပါဘဲ။ ကိစ္စအတော်များများကို အလွယ်လေးတွေးတတ်တာကိုတော့ ဂျုံဆောင်းမကြိုက်ပါ။

ပြီးတော့ ဆောင်းဟွန်းဟာဗေဒင်တွေ ယတြာတွေကိုယုံသည်။ အခုလည်းဂျုံဆောင်းကို အအေးဆိုင်မှာမုန့်ဝယ်ကျွေးမယ်‌ဆိုပြီးခေါ်ထားခြင်းဟာ အကြောင်းတစ်ခုခုရှိနေမှာသေချာသည်။

ထုံးစံအတိုင်းပါးဖောင်းပြီး bubble tea သောက်နေသောဆောင်းဟွန်းကို ဘာများပြောမလဲဆိုပြီး ဂျုံဆောင်းမှာရတက်မအေး ကြည့်လို့နေခဲ့သည်။ ဆောင်းဟွန်းသည်တော့ သူ့သောက်စရာကိုကုန်အောင်သောက်ပြီးကာမှ ဂျုံဆောင်းကိုဟီးကနဲပြုံးပြရင်း

"ငါနဲ့တစ်လလောက်ဖြစ်ဖြစ် တွဲပေးပါလား ဂျုံဆောင်း"

ဆောင်းဟွန်းကပေါ့ပေါ့လေးပြောလိုက်သော်ငြား ဂျုံဆောင်းရင်ခုန်သံတွေသည်တော့ ဒိန်းကနဲဖြစ်သွားရသည်။ သူ့ရင်ဘတ်ထဲတာရှည်မာရသွန်ပြိုင်ပွဲတစ်ခုဖြစ်ပေါ်နေပေမယ့် အပြင်မှာတော့ ကျောက်ရုပ်ကြီးတစ်ရုပ်လိုမျိုး ရုပ်တည်နေခဲ့သည်။

"အကြောင်းပြချက်ပြော"

ဆောင်းဟွန်းမှာရည်းစားရှိနေလို့ ဒါမှမဟုတ် သဘောကျတဲ့သူရှိနေလို့ အဲတစ်စုံတစ်ယောက် သဝန်တိုအောင် ဟန်ပြတွဲတာမျိုးဆို ဂျုံဆောင်းလုံးဝလက်မခံနိုင်ပါ။

"ပြောရမှာကရှည်တယ်"

ဆောင်းဟွန်းရဲ့စကားစသန်းခြင်းကို ဂျုံဆောင်းဟာမတုံ့ပြန်။ ခပ်အေးအေးသာနား‌ဆက်ထောင်ပြသည်။ ဆောင်းဟွန်းကစိတ်လှုပ်ရှားဟန်ဖြင့် ခုံပေါ်ကိုလက်သည်းတွေဖြင့်ခြစ်ရင်း

"ငါ့အမေမေးနေကျ တအားတော်တဲ့ဆရာတစ်ယောက်ရှိတယ်။ သူကပြောတယ်။ ငါ့အချစ်စစ်ကအချစ်ဦးဖြစ်မှာမဟုတ်ဘူးတဲ့။ အချစ်ဦးနဲ့ဆို လွဲမယ့်ကံပါတယ်တဲ့။ အဲဒါကြောင့်ယတြာကျေအောင် ကူညီပေးပါ။"

Ayingg ~~ Where stories live. Discover now