သူ့အိမ်ထောင်ရေးကို လင်းနားလည်အောင် ချမ်းအိမ်ရှင်းပြနေမိသည်
သူရယ် လင်းရယ် ယဉ်လဲ့ ရယ်က တက္ကသိုလ်တက်ကတည်းက သူငယ်ချင်းတွေဖြစ်ပြီး
လင်းနဲ့သူ့ကြားမှာ ခံစားချက်တွေရှိခဲ့ကြပေမယ့် သတ္တိနည်းခဲ့တဲ့ သူက ယဉ်လဲ့ကိုရွေးချယ်ခဲ့မိသည်
သူနဲ့ယဥ်လဲ့တို့လက်ထပ်ပြီးအချိန်အတော်ကြာမှ လင်းက လှိုင်းလေးမေမေနဲ့ လက်ထပ်ခဲ့ပြီး
လှိုင်းလေးမေမေ မီးတွင်းထဲမှာပင် ဆုံးသွားခဲ့ရတော့ ချမ်းအိမ်က သူငယ်ချင်းသံယောဇဥ်နဲ့ လင်းကိုအားပေးရင်း ကလေးချစ်တတ်လွန်းတာကြောင့်လည်း လှိုင်းလေးကိုပါ ဝိုင်းဝန်းစောင့်ရှောက်ပေးခဲ့တဲ့အထိ ပြန်ပြီးနီးစပ်ခဲ့ပြန်သည်
မရိုးသားသောစိတ်နဲ့မဟုတ်တာကြောင့် လင်းရော သူပါနှစ်ယောက်လုံး လိပ်ပြာလုံခဲ့ကြပေမယ့်
အကြောင်းကြောင်းတွေနဲ့ သူ့အိမ်ထောင်ရေးပြတ်စဲသွားချိန်မှာတော့ လင်းကို ပြန်လည် ပိုင်ဆိုင်ခွင့်ရချင်သည်
အရင်လို သတ္တိနည်းမနေချင်တော့

"လပြည့် ရော...တစ်ယောက်တည်းကျန်ခဲ့တာလား"

"မဟုတ်ပါဘူး..ယဉ်လဲ့က နောက်တစ်ပတ်မှ သွားမှာ
အခုတော့ သူနဲ့ပဲထားခဲ့ရတာပေါ့"

လပြည့် အကြောင်းမေးလာတဲ့ လင်းကို ချမ်းအိမ်အဖြေပေးလိုက်မှပင်

"ယဉ်လဲ့က လပြည့် ကို သဘောမကျဘူးမဟုတ်လား
ဘာလို့အတူတူခေါ်မလာရတာလဲ"

လပြည့် ကို ချမ်းအိမ် မွေးစားခဲ့တာနဲ့ပက်သက်ပြီး မကြည်ဖြူနိုင်ခဲ့တဲ့ ယဉ်လဲ့အကြောင်းကို သိနေတဲ့ လင်းက စိုးရိမ်နေပြန်တာကြောင့်

"လပြည့် ကို ယဉ်လဲ့ သဘောမကျတာက သူ့ဘက်ကရမယ့်အမွေတွေကို မပေးချင်ရုံသက်သက်ပါပဲ တခြားခံစားချက်မရှိဘူး အခုလ​ပြည့် ရဲ့အုပ်ထိန်းသူက ငါတစ်ယောက်တည်းဆိုတော့ ငါဒီကိုလာတဲ့အချိန်လေးမှာတော့ သူစောင့်ရှောက်ပေးမှာပါ"

ယဉ်လဲ့ရဲ့ စိတ်သဘောထားကို လင်း နားလည်အောင် ပြောပြလိုက်ရသည်

"မင်းတို့အိမ်ထောင်ရေးအကြောင်းရော လပြည့် သိပြီးပြီလား."

"နားလည်နေတဲ့အရွယ်ဆိုတော့ ကွာရှင်းပြီးပြီဆိုတာကို သိမှာပါ ကျန်တာကိုတော့ ယဉ်လဲ့ထွက်သွားပြီး အခြေနေတွေတည်ငြိမ်သွားမှ ရှင်းပြဖို့ ကြိုးစားတော့မယ်
လပြည့် အတွက် အဓိက က ငါဆိုတော့ အဆင်ပြေလောက်မှာပါ"

အချစ်ဖြင့် ခြယ်မှုန်းသော (bl) completedWhere stories live. Discover now