"12နာရီကျော်ရုံပဲရှိသေးတယ်မဟုတ်ဘူးလား"

အရင်ချိန်တွေတုန်းက မူလရှဲ့ယန် ဘာလုပ်လုပ်၊ ဘယ်သွားသွား သိပ်ဂရုစိုက်ကြတာမဟုတ်ဘူးချေ။

"....."

ရှဲ့ချုံရန်ပါးစပ်ဖွင့်ဟကာ ပြန်လည်တုံ့ပြန်ချင်သော်လည်း ဘာဆက်ပြောရမှန်းမသိတော့ပေ။

"ကျွန်တော်....."

ရှဲ့ချုံရန်၏ကလေးအဆီအနည်းငယ်ရှိနေသည့် ပါးဖောင်းဖောင်းဖြင့်မျက်နှာလေးမှာ ညှိုးငယ်သွားသည်။

"ကျွန်တော်က ကောကောကိုစိတ်ပူလို့ပါ"

ရှောင်ကျန့် မျက်ခုံးပင့်လိုက်သည်။

ဒီဇာတ်လိုက်က သူ့ဆီက ယုံကြည်မှုရယူချင်နေတာလား။

ရှောင်ကျန့်နူးနူးညံ့ညံ့လေးပြုံးပြလိုက်သည်။ ရှဲ့ချုံရန်၏နားရွက်ဖျားလေးတွေမှာထိုအပြုံးကြောင့်ခပ်ရဲရဲဖြစ်သွားသည်။ ရှောင်ကျန့်က ရှဲ့ချုံရန်ရဲ့ပုခုံးကိုပုတ်လိုက်ပြီး အစ်ကိုကြီးတစ်ယောက်လိုမျိုးအမူအရာဖြင့်ပြောသည်။

"သိပ်ပြီးမစိုးရိမ်ပါနဲ့....ကောက အရွယ်ရောက်နေပါပြီ"

ရှောင်ကျန့်ဟာ ပြောပြီးပြီးချင်းမှာပင် ရှဲ့ချုံရန်ကိုဖြတ်ကျော်သွားသည်။ လူတွေရဲ့အမြင်ကိုကွယ်သွားသည်နှင့်ရှောင်ကျန့်မျက်နှာပေါ်က နူးညံ့သိမ်မွေ့သောအပြုံးဖျော့ဖျော့လေးမှာချက်ချင်းပျောက်ကွယ်သွားသည်။

ရှောင်ကျန့်ထွက်သွားတော့မှာကိုမြင်သည်နှင့် ရှဲ့ချုံရန်ဟာအနည်းငယ်ပြာသွားသည်။ သူ့လက်တွေကထိန်းချုပ်နိုင်စွမ်းကင်းမဲ့စွာ ရှောင်ကျန့်ရဲ့လက်ကောက်ဝတ်ကိုသွားရောက်ဆုပ်ကိုင်သည်။

"တစ်ခုခုပြောချင်တာရှိသေးလို့လား"

ရှောင်ကျန့်က မျက်ခုံးပင့်ကာမေးသည်။

"ကျွန်တော်...."

"....."

"ကျွန်တော် ကောကောနဲ့အတူနေ့လည်စာစားလို့ရမလား"

"sorry....ကော အပြင်မှာစားလာခဲ့လို့"

"အာ...."

ရှဲ့ချုံရန်က တုံ့ဆိုင်းစွာရှောင်ကျန့်ရဲ့လက်ကောက်ဝတ်ကိုပြန်လွှတ်ပေးလိုက်သည်။ ပေါ့ပါးသွက်လက်သည့်ခြေလှမ်းတွေဖြင့်အပေါ်ထပ်တတ်သွားသည့် ရှောင်ကျန့်ရဲ့ကျောပြင်ကိုကြည့်ရင်း ရှဲ့ချုံရန်၏မျက်လုံးတွေက နက်မှောင်နေသည်။

system 091 (Book 2)Where stories live. Discover now