"ဗျာ"

လှိုင်းအနောက်က သိုင်းဖက်လာပြီး ထူးလိုက်တဲ့ ဦးကို ငဲ့ကြည့်မိရင်း

"ပျော်နေတာလား"

"အင်း..:
ကလေးနဲ့ ပထမဆုံးအတူခရီးထွက်ဖြစ်တာလေကွာ
ပျော်တာပေါ့"

လှိုင်းပခုံးပေါ်ခေါင်းဝှေ့ရင်းပြောလိုက်တဲ့ဦးကြောင့် လှိုင်း သဘောကျစွာ ပြုံးမိပြီး

"နောက်ဆို..ခရီး ခဏခဏထွက်မှပဲ"

ပြောပြီးသားစကားကိုသာ လှိုင်း ထပ်ပြောလိုက်တော့

"ရေနောက်မှချိုးရအောင်."

ပြောပြောဆိုဆို လှိုင်းကို ပွေ့ချီ လိုက်တာကြောင့်

"အာ..ဘာလုပ်မလို့လဲ
ဦးမချိုးလည်း...လှိုင်း ချိုးမှာလို့"

မျက်လုံးပြူးလေးနဲ့ ပြန်အော်နေတဲ့ ကလေးကို ကုတင်ပေါ်ချပေးလိုက်ကာ သိုက် ကိုယ်တိုင်လည်းဝင်လှဲလိုက်ပြီး

"ဒီတိုင်းလေး..ခဏနားချင်လို့ပါ"

လှိုင်းကို ဖက်ထားကာ မျက်လုံးတွေမှိတ်လိုက်တဲ့ ဦးပုံစံကြောင့် ပင်ပန်းနေတာဖြစ်မယ်လို့ တွေးမိပြီး ငြိမ်ငြိမ်လေးနေပေးမိရင်း အတူတူအိပ်ပျော်သွားကြတော့သည်

--------------------------

"ဦး..သုံးနာရီထိုးပြီးပြီ"

နား နားကပ်ကာ တိုးတိုးလေးနှိုးနေတာကို သိပေမယ့် သိုက် မျက်လုံးဖွင့်မကြည့်ဘဲ

"အာ"

နှုတ်ခမ်းကို လက်နဲ့ထိပြပြီး နမ်းခိုင်းနေသော ဦးကြောင့် လှိုင်း ရှက်သွားမိပေမယ့်
မငြင်းရက်နိုင်စွာ ဦးနှုတ်ခမ်းပေါ် ဖွဖွလေး အနမ်းပေးလိုက်တော့

"ချိုလိုက်တာကွာ"

မျက်လုံးဖွင့်ကြည့်လာပြီး လှိုင်းတစ်ကိုယ်လုံးကို သိုင်းဖက်လာပြန်တာကြောင့်

"ထတော့လေ..ပြောတော့ လျှောက်လည်ချင်တယ်ဆို"

မလာခင်ကတည်းက လှိူင်းတို့မြို့မှာ လျှောက်လည်ကြဖို့ အစီစဉ်ချထားခဲ့ပြီး ဖေဖေ့နှစ်ပတ်လည်မတိုင်ခင် တစ်ရက်ကြိုလာခဲ့ပေမယ့် တနေကုန်အိပ်နေတဲ့ ဦးကို အိပ်ယာထဖို့ပြောလိုက်တော့မှ

အချစ်ဖြင့် ခြယ်မှုန်းသော (bl) completedWhere stories live. Discover now