အပိုင်း (11.2)

Start from the beginning
                                    

ဒါပေမယ့် ပြန်လက်စား ချေပေးတဲ့ လူက ကျင်းထန် သာဆို ရင် ဘာကြောင့် သူက အခုလို လုပ်ပေး ရတာ လဲ?

အခုချိန်မှာတော့ သူ့ရဲ့ ရှုပ်ထွေးနေတဲ့ အတွေးတွေကို ဖိနှိပ်ထား ရုံပဲ ဝမ်ဟန် တက်နိုင် လေတယ်။ နန်ဟွေး က အခုချိန်မှာ မတော်တဆ မှု ကြောင့် ခံစား ထားရတာလေ။ ပြီးတော့ အခုချိန် က အဲ့အကြောင်း ဆွေးနွေးဖို့ အချိန်ကောင်း တစ်ခု မဟုတ်ခဲ့ ဘူးလေ။

ဒါကြောင့် သူက စိတ်အေးတဲ့ ပုံ ဟန်ဆောင်ပြီးတော့ တစ်ဖက်လူ ရဲ့ မျက်နှာ လေးကို ဖြစ်ညှစ် ကာ ပြောလိုက် လေတယ်။

'' မကြောက်လန့် နေစမ်းပါနဲ့။ အဲ့တာ က မကောင်းတာ လုပ်လို့ မကောင်းတာ ပြန်ဖြစ် သွားတာ လေ။ ဒါကြောင့် မင်း ပိုပြီးတော့ အနည်းငယ် စိတ်အေး လက်အေး နေလို့ ရတာ ပေါ့။ ဟုတ်ပြီလား? ''

နန်ဟွေး က ခေါင်းငြိမ့် ပြလိုက်တယ်။

ဒီကား မတော်တဆ မှုနဲ့ နှိုင်းယှဥ် ရင် သူ့မှာ ပိုပြီးတော့ ရှုပ်ထွေးစရာ ကိစ္စ တစ်ခု ရှိနေ သေးတယ်လေ။

သူ မေ့လဲ မသွားခင် အချိန်လေး အတွင်းမှာ ပဲ ပြင်းထန် ပြီး နွေးထွေး သန်မာတဲ့ အားတစ်ခု က သူ့ကိုယ်ထဲ ကနေ ပေါက်ကွဲ ထွက်လာတာ ကို သူခံစား မိလိုက် လေတယ်။

သူက အဲ့တာကို ရင်းနှီး ကျွမ်းဝင် နေပေမယ့် ဘယ်နေရာမှာ တွေ့ခဲ့ တာ လဲ ဆိုတာ ကို သူပြန်မမှတ်မိ တော့ ဘူး ဖြစ်နေ လေတယ်။

_________

ဒီနေရာ က ကိစ္စ တွေ ဖြေရှင်းလို့ ပြီးသွားတဲ့ နောက် ကျင်းထန် က သူ အလုပ်ခရီး သွားနေ ရတဲ့ မြို့ နေရာဆီကို အမြန်လေး ပြန်လာ ခဲ့လေတယ်။

အတွင်းရေးမှုး ကျင်း က အဲ့နေရာ ရဲ့ အခြေအနေ ကို တစ်ခဏ ပဲ ယာယီ တည်ငြိမ်အောင် ထိန်းထား နိုင်လေတယ်။ ကျန်တာ တွေကို သူ့ဘာသာ သူပဲ ဖြေရှင်း စီမံ ရမှာ ပဲ ဖြစ်လေတယ်။

'' ဟေး ငါ မင်း အတွက် အဲ့ကိစ္စ ကို ကိုင်တွယ် ပေးပြီးပြီနော်။ မင်း အဲ့ဒီ ကျားထုံ အင်တာ တိန်းမန့် နဲ့ ပတ်သက်ပြီး တော့ ဘယ်လို လုပ်မယ် လို့ တွေးထားလဲ? အဲ့နေရာမှာ ပိုင်ရှင်က ရုတ်တရက်ကြီး ပျောက်ကွယ် သွားလို့ ဟာကွက်တွေ ပေါ်လာတော့ မှာလေ ''

ယုန်လေး က သားပေါက်လေးကို ပျိုးထောင်ဖို့ မတက်နိုင်ဘူး [BL] Where stories live. Discover now