အပိုင်း (11.1)

Start from the beginning
                                    

ဒါတွေ အကုန်လုံး က သူ့အမှား တွေပဲ။

တကယ်လို့ သူသာ  တစ်ဖက် လူကို လှုံ့ဆော် ခြင်မိတဲ့ အချိန်မှာ အခုလို သောက်ရေး မပါတဲ့ ဝန်ထမ်း ညစာ စားပွဲ ဆိုတာ မျိုးကို မလုပ်ခိုင်း ခဲ့ သင့်ဘူး။ သူသာ မလုပ်ခိုင်း ခဲ့ရင် နန်ဟွေး ကလည်း ဘာမှ ဖြစ်လာ မှာ မဟုတ် ဘူး။

ခုန်းယင် က မြန်မြန် ပဲ အခန်းတံခါး ကို တွန်းဖွင့် ပြီးတော့ အပြင်ကို ထွက်လာတော့ ဝမ်ဟန် ကလည်း အမြန် ထလိုက် လေတယ်။ သူမက သူ့ကို ပြန်ဖိချ လိုက် ပြီးတော့ နေရာမှာ တင် ထိုင်ခိုင်း စေလိုက်တယ်။

'' သူက အဆင်ပြေတယ်။ အကြောက်လွန် ပြီးတော့ မေ့သွားရုံလေးပါ။ ပြီးတော့ သူ့ရဲ့ လက်ကလည်း မကျိုးသွား ဘူး။ ဒါက အတော် ကံကောင်းတာ ''

'' နောက်ပြီးတော့ ရော...... ''

ဝမ်ဟန် က နန်ဟွေးကို ကျောပိုးပြီး သယ်ခဲ့ ရတာ ဖြစ်တာကြောင့် နန်ဟွေး ရဲ့ တစ်ခြား လက်တစ်ဖက် က သူ့ရဲ့ ဗိုက်ကို ကာကွယ်နေဆဲ ဖြစ်တာ ကို တွေ့ခဲ့ ရတယ်လေ။ အဲ့တာ က ဝမ်ဟန် ကို ဆိုးဝါးတဲ့ ခန့်မှန်းချက် တစ်ချို့ ကို တွေးမိ စေခဲ့တယ်။

''ငါအဲ့တာ ​ကိုလည်း စစ်ဆေး ခဲ့ပါတယ်။ ပြီးတော့ အဲ့တာ ကလည်း အဆင်ပြေ နေသေးတယ်''

ခုန်းယင် ရဲ့ အကြည့်တွေက လျောက်လမ်း ရဲ့ ထောင့်နား ဆီကို ဝေ့သွား ပြီးတော့ ဝမ်ဟန် ပြောလာမယ့် စကားတွေကို ဖြတ်ကာ ပြောလိုက် လေတယ်။

''အိုကေ ၊ သူက အခု အနားယူ ဖို့ လိုအပ်နေတယ်။ ငါလည်း ဒီနေရာမှာ ရှိပါတယ် ။ မင်း ပြန်ပြီးတော့ သူလိုအပ်မယ့် ပစ္စည်းတွေ ကို သွား ထုတ်ပိုးလိုက်လေ။ ပြီးတော့ သူက ဆေးရုံမှာ ရက်အနည်းငယ်တော့ နေရ အုံးမှာနော် ''

လူနာခန်း ရဲ့ မှန်ပြတင်း ပေါက်ကနေ ဖြတ်ပြီးတော့ ကြည့်လိုက်တဲ့ အခါ နန်ဟွေး က ငြိမ်အေး စွာ အိပ်ပျော် ​နေတာ ကို ဝမ်ဟန် တွေ့လိုက် ရလေတယ်။ အဲ့တော့မှ သာ သူ့ရဲ့ အသက်ရှု သံတွေ က တည်ငြိမ် သွားပြီး နောက်ဆုံးတော့ သူ့စိတ်ထဲ က အခဲ ကြီးကို ချ ထားလိုက် နိုင်တော့ လေတယ်။

ကျင်းထန် ကလည်း လူနာ အခန်း ထဲကို ဝင်မသွား ခဲ့ပါပေ။ ဝမ်ဟန် ထွက်သွား ပြီး မကြာခင်မှာ ပဲ သူက တစ်ခဏ ရပ်ကြည့် နေပြီးမှ ထွက်သွား တော့ လေတယ်။

ယုန်လေး က သားပေါက်လေးကို ပျိုးထောင်ဖို့ မတက်နိုင်ဘူး [BL] Where stories live. Discover now