"အဲဒါ မရှိတော့ဘူး မဟုတ်လား"

ရှီချီ၏ မျက်ဝန်းက မှေးကျဉ်းသွားပြီး မေးလာသည်။

"အဲဒီမှာ ဘာရှိရမှာလဲ။ မင်းက ဘာကို သိချင်တာလဲ။ မဟုတ်ရင်လည်း မင်း ငါ့ကို ပြောချင်တာက ဘာလည်း"

နောက်ဆုံးစကားကို ပြောပြီးနောက်တွင် သူက ခပ်မတ်မတ် ထိုင်သည်။ သူ၏ကျောရိုးကပင် ဖြောင့်သွားသည်။

နင်မုန့်ကလည်း ကပ်ဘေးကို အာရုံခံမိလိုက်သလို ရုတ်တရက် ခံစားလိုက်ရပြီး အချိန်အတော်ကြာ တုံ့ဆိုင်းပြီးမှသာ ပြန်ဖြေလိုက်သည်။

"ဘာမှမဟုတ်တော့ဘူး ငါ အခု ပြန်လည်လေ့ကျင့်ခန်းပဲ လုပ်တော့မယ်"

သူမက စနစ်ကို လျှို့ဝှက်စွာဖြင့် မေးသည်။

"ရှီချီက တစ်နေရာရာမှာ ခေါင်းကိုများ အရိုက်ခံခဲ့ရတာလား"

စနစ်က ပြန်ဖြေသည်။

"မင်းရဲ့မြေးသာ ဒီစကားကို ကြားရင် မင်းကို ရိုက်မှာတော့ သေချာတယ်"

နင်မုန့်ကလည်း ထိုကိစ္စကို အချိန်အကြာကြီး ဆက်တွေးမနေတော့ဘဲ နာခံစွာဖြင့်သာ ပြန်လည်လေ့ကျင့်ခန်းများ လုပ်တော့သည်။

အခြားတစ်ဖက်တွင် ရှီချီ၏ခံစားချက်က မကောင်းပေ။ သူက မျက်မှောင်ကို ကြုတ်ပြီး လူတိုင်းကို အနားမကပ်ရ အရှိန်အဝါများကို ထုတ်လွှတ်နေသည်။ ထို့ကြောင့် နင်မုန့်ကလည်း မကြာခဏ သူ့ကို ကြည့်နေမိသည်။

အတန်းတစ်တန်း အချိန် ကုန်သွားပြီးနောက် သူမက သူ ထုတ်လွှတ်နေသော ပုံမှန်မဟုတ်သည့် ကိစ္စများကို အနောက်ဘက်သို့ ပစ်ထားလိုက်ပြီး စိတ်ဝိညာဉ်ပျောက်ဆုံးသွားသော မိန်းကလေးများ၏ အကြောင်းကိုသာ ပြန်တွေးသည်။ မည်သို့ပင်ဆိုစေ ထိုကိစ္စ၏ နောက်ကွယ်က အရိပ်ပြဇာတ်အဖွဲ့က ပါဝင်ပတ်သက်နေမည်မှာ သေချာသည်။

သူမက ဒီနေ့ မြင်ခဲ့ရသော စက္ကူအရုပ်ကို ပြန်တွေးလိုက်မိပြီးနောက်တွင် လူအစစ်အမှန်နှင့် မည်မျှ တူကြောင်းကို ပြန်တွေးမိသွားသည်။ အသက်ဝင်နေသလိုမျိုး ကိုယ်တိုင်လည်း လှုပ်ရှားလို့ရသည်။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now