" ရှင်နဲ့ဘာဆိုင်လို့လဲ..."
လင်းကျင်းရှု က မော့မကြည့်ဘဲ ဖြေလိုက်သည်။ လီနန်ရှန့် ဒေါသထွက်သွားသော်လည်း ယခုအချိန်သည် အရေးကြီးနေသဖြင့် သူမနှင့် ဆက်မပြောချင်တော့ဘဲ ဒေါသကိုမြိုသိပ်ထားလိုက်သည်။ မကြာမီ ဟန်ခိုင် နှင့် ယန်ဟန် တို့ ဓာတ်ခွဲခန်းထဲမှ ထွက်လာကြပြီး ယန်ဟန် က ပိုပိုလိုလို ကာကွယ်ဆေး ဓာတ်ကူပစ္စည်း ပမာဏ များစွာကို ယူလာခဲ့သည်။
“သွားကြရအောင်...ဒီတစ်ခါ အဆင်မပြေရင် တကယ့် အဆုံးပဲ...”
လီနန်ရှန့် က ကာကွယ်ဆေးကို ထဲသို့ ထည့်လိုက်ပြီး ဓာတ်ခွဲခန်းအဝင်ဝသို့ လျှောက်သွားကာ လင်းကျင်းရှု ကို လည်ပြန်ကြည့်၍ ပြောလိုက်သည်။
"လင်းကျင်းရှု...မင်း ငါတို့နဲ့ မလိုက်ဘူးလား..."
"ရှင်နဲ့အတူ မသေချင်ဘူး..."
"လင်းကျင်းရှု... ငါမင်းကိုမေးမယ်... ငါတို့သေရင် မင်းလည်း ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်မှာ မလို့လဲ..."
"အခု ရှင်တို့နဲ့အတူ သေသွားတာထက် ပိုကောင်းတယ်...ရှင်တို့ ကံကောင်းပြီး ဇွန်ဘီဘုရင် ကိုသတ်နိုင်ရင် ကျွန်မလည်း အသက်ရှင်နိုင်တယ်...ဇွန်ဘီဘုရင် ကို မသတ်နိုင်ရင် ရှင့်ထက်အသက်နည်းနည်း ပိုရှည်နိုင်တယ်... ဒါကြောင့်...ကျွန်မ ဒီမှာနေတာ ပိုကောင်းတယ်..."
"မင်း အောင်မြင်ပါစေလို့ ဆုတောင်းပေးတယ်..."
လီနန်ရှန့် ဒေါသထွက်ကာ နောက်ပြန်လှည့်မကြည့်ဘဲ ဓာတ်ခွဲခန်းမှ ထွက်လာခဲ့သည်။ ဟန်ခိုင် နှင့် ယန်ဟန်တို့သည်လည်း လင်းကျင်းရှု ကို လျစ်လျူရှုကာ လီနန်ရှန့် နောက်မှ လိုက်လာခဲ့သည်။
စတုတ္ထထပ်တွင် အသံဗလံများကြားရသောကြောင့် ဇွန်ဘီဘုရင် စတုတ္ထထပ်တွင် ရှိနေသည်ဟု လီနန်ရှန့်ခန့်မှန်းမိသည်။ မျှော်လင့်ထားသည့်အတိုင်းပင် သူတို့ စတုတ္ထထပ်သို့ ဆင်းသွားသောအခါ ဇွန်ဘီဘုရင်သည် အခန်းတံခါးများကို တစ်ခန်းပြီးတစ်ခန်း ရိုက်ချိုးပစ်ကာ လူ လိုက်ရှာနေတော့သည်။ လီနန်ရှန့် သည် ဇွန်ဘီဘုရင်ကို မေ့ဆေးသေနတ်ဖြင့် သေချာမချိန်ဝံ့ဘဲ မပစ်ရဲပေ။တစ်ချက်မှာ ဇွန်ဘီဘုရင် ကို ထိတ်လန့် ကြောက်ရွံ့၍ ဖြစ်ပြီး နောက်တစ်ချက်မှာ ကာကွယ်ဆေး နှစ်ပုလင်းသာ ရှိသောကြောင့်ဖြစ်သည်။
ဇွန်ဘီမလေး ယန်ဟန်
Start from the beginning