~Part-5~

417 41 1
                                    

ဒီနေ့ ဟာအိုတစ်ယောက် ဘာကိုအလိုမကျဖြစ်လို့ ဖြစ်နေမှန်းကိုမသိပါ နိုးလာထဲကမျက်နှာက ဆူပုတ်နေခဲ့တာဘဲဖြစ်သည်။ အကယ်၍သာသူ ဆူပုတ်နေရသည်မှာအကြောင်းအရင်းရှိမယ်ဆို အဲ့အကြောင်းအရင်းက ဆောင်းဟန်ဘင်းကြောင့်ဘဲဖြစ်လိမ့်မည်

ဟန်ဘင်းဟာ မနေ့ညက ဟာအို့အား မနက်ကျရင်ဖုန်းဆက်လိုက်မယ် မနက်စာတူတူစားကြမယ်ဆိုပြီးပြောထားပေမယ့် 10နာရီကျော်တဲ့ထိတိုင် ဟန်ဘင်းဆီကဖုန်းဝင်မလာခဲ့ပေ

တကယ်ဘဲ ဟန်ဘင်းက ဘာလုပ်နေတာလဲ သူ့ကိုဖုန်းမဆက်တော့ဘူးလား သူ့ဘက်ကဖုန်းစဆက်လိုက်ရမလား?သူဘာလုပ်သင့်လဲ?

ထိုစဉ် အိမ်ပေါ်ထပ်မှ ဧည့်ခန်းဆီသို့ဆင်းလာနေသောယူဂျင်းက

"ဟာအိုဟျောင်း မနက်စာစားခဲ့ပြီးပြီလား"

"ဟင် အင်း ယူဂျင်းနား ဟျောင်းမစားရသေးဘူး"

"အယ် ညကပြောတော့ ဟန်ဘင်းနဲ့မနက်စာတူတူသွားစားမှာဆို"

"အဲ့ဒါ အခုဖြစ်နေတဲ့ပြသနာဘဲ ဟန်ဘင်းကခုထက်ထိကို ဟျောင်းကို ဖုန်းဆက်မလာသေးဘူး ဟျောင်းဘက်ကဆက်လိုက်ရမလား ဘာလုပ်ရမလဲ ယူဂျင်းနား ဟျောင်းကိုကယ်ပါ"

"အော် ဘာများလဲလို့ ဟာအိုဟျောင်းရယ် သူကဆက်မလာရင် ကိုယ်ကဆက်လိုက်ရုံပေါ့ မသိရင် ဟန်ဘင်းနဲ့ဟျောင်းက အချင်းချင်းတစ်ခါမှဖုန်းမဆက်ဖူးတဲ့ဆက်ဆံရေးကျနေရော"

"အဲ့ အဲ့လိုလဲမဟုတ်ပေမဲ့ မသိဘူး ယူဂျင်းရာ အမြဲ ဟန်ဘင်းဘက်ကဘဲ တစ်ဖွဖွဆက်နေတတ်ခဲ့တာမို့ အခုဟျောင်းဘက်ကစပြီးဆက်ရမှာ တစ်မျိုးဘဲ"

"ဖုန်း‌ဆက်တာမှာ ဘယ်သူအရင်ဆက်ရမယ် ဘယ်သူမဆက်ရဘုးဆိုပီးမှမသတ်မှတ်ထားတာဘဲဟျောင်းရယ် အတွေးမလွန်ပါနဲ့ ဆက်လိုက်"

"ဟုတ်တယ်နော် အွန်းအွန်း ဟျောင်း ဆက်လိုက်ဦးမယ် ဒါဆို"

ဟာအိုတစ်ယောက် ဧည့်ခန်းထဲကနေပြေးထွက်သွားပြီး ခြံထဲဆင်းသွားကာ ဒန်းလေးပေါ်ထိုင်ပြီးနောက်မှတော့ ဟန်ဘင်းအား ဖုနိးခေါ်ရန်ပြင်တော့သည်

တီ~တီ~တီ~တီ~

"ဟယ်လို ဘယ်သူလဲမသိ"

"ဟင် ဟန် ဟန်ဘင်း ကိုယ်ပါ ဟာအို"

Help! Think i fall in love with Chinese boyWhere stories live. Discover now