ယန်ဖန် က သူ့နှုတ်ခမ်း တွေကို တင်းတင်း ကိုက်ထားရင်း သွေးတွေ တောင် ထွက်လာ တော့ မတက် ဖြစ်နေ ခဲ့လေတယ်။

ဟော်လင်း က ထိုလူကို သတိလစ် သွားအောင် တိုက်ရိုက် ရိုက်ချ လိုက် ပြီးတော့ ဘေးဘတ် က်ု ပစ်ထုတ် လိုက်လေတယ်။

သန့်စင်ခန်း တံခါး က အစောလေး တင်ကမှ ကြီးမားတဲ့ အား နဲ့ ရိုက်ခတ် ခြင်း ကို ခံထား ရတာ ဖြစ်တဲ့ အတွက်ကြောင့် တံခါး လော့ခ် ကလည်း ပျက်စီး နေပြီးသား ဖြစ်လေတယ်။

ဝမ်ဟန် လည်း မြန်မြန် လေး ပြေးလာတဲ့ အခါ မှာ သူက အထဲကို တိုက်ရိုက် ဝင်လာ လို့  ရလုနီးပါး ဖြစ် သွားတာ ပဲ ဖြစ်လေတယ်။

အကြည့် တစ်ချက် နဲ့တင် နန်ဟွေး က မျက်လုံးတွေ ကို ပိတ်ကာ လဲကျ ​နေတာကို ဝမ်ဟန် မြင်တွေ့ လိုက်ရ လေတယ်။

''အားဟွေး! ''

ဝမ်ဟန် က အော်ကာ အထဲကို လျောက်ဝင် သွားဖို့ လုပ်လိုက် ပေမယ့် ဟော်လင်း ဦးဆောင်ပြီး ခေါ်လာတဲ့ သက်တော်စောင့်တွေ စီ ကနေ ပြီးတော့ အတားခံ လိုက်ရ လေတယ်။

ဒီနေရာ မှာ အရမ်းကို လှုပ်ရှားမှုတွေ က များသွားတာ ကြောင့် ဟောခန်း ထဲက လူတွေတောင် ဒါကို သတိပြု မိသွားကြ လေတယ်။ လုံခြုံရေး အတွက် ရည်ရွယ်ပြီး တော့ ဟော်လင်း က သူ့ရဲ့ ကိုယ်ပိုင် လူတွေနဲ့ ဒီနေရာကို ယာယီ အားဖြင့်  ဝိုင်းရံ ခိုင်းထားတာ ပဲ ဖြစ်လေတယ်။

'' သူ့ကို အထဲ ဝင်လာ ခိုင်းလိုက်! ''

ဟော်လင်း က တစ်ချက် ကြည့် ပြီးတာ နဲ့ ဝမ်ဟန် ကို ဝင်ခွင့် ပေးလိုက် လေတယ်။

ဝမ်ဟန် က အမြန်ပဲ လဲကျ နေတဲ့ နန်ဟွေး ရဲ့ အ​ခြေအနေ ကို စစ်ဆေး လိုက် ပြီးတော့ နန်ဟွေး တစ်ယောက် အသက်ရှု နေဆဲ ဖြစ်ကြောင်း အတည်ပြု ပြီးတော့ မှပဲ စိတ်သက်သာ ရာ ရစွာနဲ့ သက်ပြင်းချ လိုက် မိတော့ လေတယ်။

ဘယ်လို ပဲ ဖြစ်ပါစေ နန်ဟွေး ရဲ့ အခြေအနေ က အကောင်း ဘက်မှာ ရှိမနေ ပါပေ။ သူ့ရဲ့ လည်ပင်း နား တစ်ဝိုက်မှာ ထိတ်လန့် စရာ ကောင်းလောက် တဲ့ လက်ရာ အနီ မှတ်ကြီး ကို တွေ့ရ ပြီးတော့ သူ့အသက်ရှု နှုန်း တွေကလည်း တုန်ရီ နေခဲ့ လေတယ်။

ယုန်လေး က သားပေါက်လေးကို ပျိုးထောင်ဖို့ မတက်နိုင်ဘူး [BL] Where stories live. Discover now