"ဟီးး ဟီးး ဟင့်!.."
အိမ်...အိမ်ပြန်ချင်တယ်..ပါပါး...ဟီးး...

"အင်း..အင်း..သားလေးပါပါးတို့ပြန်မယ်နော် သားလေး.."
ရှောင်းကျန့်ကသားကိုပြောပြီးတာနဲ့တပြိုင်နက်ရိပေါ်ဖက်လှည့်ကာ.....

"ရိပေါ် ငါတို့ပြန်နှင့်တော့မယ်.."

"မလိုဘူး ရှောင်းကျန့်ကျွန်တော်တို့တူတူပြန်မယ် "

"မဟုတ်ဘူးရိပေါ် ငါနဲ့သားအရင်ပြန်လိုက်မယ် မင်းရှင်းရှင်းနဲ့စကား​သေချာပြောလိုက်ပါအုံး ငါတို့သားအဖပြန်နှင့်တော့မယ်"

ရိပေါ်ကိုပြောပြီးတာနှင့်ရှောင်းကျန့်က လှည့်မကြည့်တော့ဘဲသားကိုချီကာထွက်သွားလေတော့သည်။

ရိပေါ်လည်း​နောက်ကလိုက်မသွားဖြစ်တော့....ဘယ်လိုဘဲဖြစ်ဖြစ် သူဒီနေ့ရှင်းရှင်းနဲ့အပြတ်ဖြတ်ရမည်...ရှင်းရှင်းကြောင့် သူအများကြီးစိတ်ရူပ်ခဲ့ရပြီးပြီ သူဆက်ပြီးစိတ်ရူပ်မခံနိုင်တော့ပါ....

"ရှင်းရှင်း ကိုယ်တို့တစ်နေရာရာမှာစကားသွားပြောရအောင် "

"အင်းကိုကို သွားရအောင်"

ဒီလိုနှင့်ရိပေါ်လည်းမှာထားပြီးထိတောင်မထိလိုက်ရတဲ့အစားအသောက်ဖိုးတွေကိုရှင်းလိုက်ပြီး ဆိုင်ထဲကနေစပ်စုသလိုကြည့်နေကြတဲ့လူတွေရဲ့မျက်လုံးတွေကိုလျစ်လျုရူ့လိုက်ပြီး ဆိုင်ပြင်ကိုထွက်လာလေတော့သည်။

ရိပေါ်နှင့်ရှင်းရှင်းတို့ထွက်လာပြီး လူရှင်း​ပြီးအရိပ်ရတဲ့သစ်ပင်ကြီးတစ်ပင်ရဲ့ခုံတန်းလျားလေး​အောက်မှာထိုင်​ပြီး စကားပြောကြတော့သည်။

"ရှင်းရှင်း ကိုယ်တို့လမ်းခွဲရအောင်"

ကိုကို!!!!
ဘာလို့လည်း ဘာလို့လမ်းခွဲမှာလည်း ရှင်းရှင်းတို့တွဲလာတာကြာနေပြီ အခုမှဘာလို့လည်း......

"ကိုယ်သေချာစဥ်းစားပြီးပြီ ကိုယ်တို့လမ်းခွဲရအောင်"

"ဟင့်အင်း...ရှင်းရှင်းဘက်ကလမ်းခွဲမပေးနိုင်ဘူး"
ရှင်းရှင်းကခေါင်းကိုအသွင်သွင်ခါကာ ငြင်းလေသည်။

"အဲ့တာရှင်းရှင်းဘက်ကပါ ကိုယ့်ဘက်ကပြီးပြီ နောက်တစ်ခါကိုယ်တို့မပက်သက်ကြရအောင်"
ပြောပြီးရိပေါ်နောက်ကိုမကြည့်ဘဲ ထွက်လာဖို့ပြင်တော့သည်။

A chance to change the past (Complete)Where stories live. Discover now