ကိုကိုရေ~

Start from the beginning
                                    

"တော်တော်တာပေါ့ ဖွားဖွားအီ ‌လိုက်မလာတာ"

"ဟျောင်းကလည်း ဟဲဟဲ"

"မဟဲနဲ့နော် ဟန်ယူဂျင်း ငါမနက်ကပြောထားတာကိုကူညီအုံး"

"ဟင် ဘယ်ဟာတုန်း"

"မင်းအသိတွေထဲကမိတ်ဆက်ပေးဆိုတာလေ"

ဟု ဂျီအွန်း ခပ်တိုးတိုးပြောလိုက်သည်။
ဂင်မ်ဂယူဗင်း‌သာကြားရင် သူ့ကိုလိုက်'စ'လို့ပြီးမှာမဟုတ်
ဂင်မ်ဂယူဗင်းဟု တွေးမှ သူနှင့် ယူဂျင်းစကားပြောနေတာကိုနားမလည်သလိုကြည့်နေသောမျက်နှာကြောင့် ဂျီအွန်းရယ်ချင်နေသော သူ့စိတ်ကိုထိန်းလိုက်သည်။

~

ဒေါက် ဒေါက်

"ဝင်ခဲ့ပါ"

"ဂျီအွန်းဟျောင်း"

"ယူဂျင်း ဘာလာလုပ်တာတုန်း"

"ဟာ ကိုယ့်ဟျောင်းအခန်းလာတာလာလို့မရဘူးလား"

"ဘာမှမဟုတ်ပါဘူး အမှန်ဆိုမင်းကကယူဗင်းအခန်းထဲမှာရှိနေရမှာလေ"

"ကိုကိုကဒီနေ့စောစောထပြီးပြန်လာရတော့ ခေါင်းမကြည်လို ရေချိုးနေတယ်"

"ဒီအချိန်ကြီး"

"သူ့ဟာသူချိုးချင်တဲ့အချိန်ချိုးပါစေဗျာ အခုကျွန်တော်လာတာ ဟျောင်း ပြောထားတဲ့ကိစ္စပြောဖို့လာတာ"

"ဟမ် အော မနက်ကကိစ္စလား"

"အွန်း"

"ပြော"

"ဟျောင်းကဘယ်လိုပုံစံလေးကြိုက်တာတုန်း"

"အမ်..ချစ်စရာကောင်းတဲ့-"

ဂျီအွန်းပြောလို့မပြီးခင်မှာပဲ..

"အိုခေ အဲ့တာဆိုသိပြီး မက်ချူးဟျောင်းပဲ"

"ဟမ် ဘာပြောတာ"

"အော မက်သရူးဟျောင်းလို့ ကနေဒါကလေ ထယ်ရယ်ဟျောင်းကိုမှတ်မိတယ်မလား"

"ဟမ် အင်း မှတ်မိတယ်လေ ပါးချိုင့်လေးနဲ့တစ်ယောက်"

"အခုကျွန်တော်ပြောတာ ထယ်ရယ်ဟျောင်းရဲ့သူငယ်ချင်း"

"ကျွန်တော်နဲ့လည်းသိတယ် ဟျောင်းပြောတဲ့ပုံနဲ့ဆို မက်ချူးဟျောင်းပဲ ㅋㅋ"

~𝖧𝖨𝖬~ : 규진 [ᴄᴏᴍᴘʟᴇᴛᴇᴅ]Where stories live. Discover now