" အင်း မင်းသဘော "

ကိုကိုဆိုင်ကယ်ထုတ်လာတာမြင်တော့လည်း Jay နည်းနည်းလန့်သလိုပင်၊ဆိုင်ကယ်စီးရမှာကိုတွေးပြီး တံတွေးမျိုချလိုက်မိသည်၊ ကားနဲ့ပဲသွားလိုက်ရင်ကောင်းမလားဆိုပြီး တွေးနေမိပြန်သည်၊

" Jay လာလေ "

" ကိုကို "

ကိုကို့ကို ကားနဲ့ပဲလိုက်ပို့ပေးပါလို့ပြောလိုက်ရင်ကောင်းမလား၊ မကောင်းဘူးလားဆိုပြီးသူဝေခွဲမရဖြစ်နေမိသည်၊

" စီးရဲတယ်မလားဒီရှေ့ကိုတိုးခဲ့ ဆိုင်ကယ်ဦးထုပ် ဆောင်းပေးမယ် "

" ဟို ကျွန်တော့်ဘာသာပဲ "

" မလိုချင်ဘူး ဒီနားတိုးခဲ့ဆိုတိုးခဲ့လိုက် "

" ဟုတ် "

ကိုကိုကသူ့ကို‌ဆိုင်ကယ်ဦးထုပ်ဆောင်းပေးတယ်၊ငယ်ငယ်တုန်းကတောင် သူ့ကိုဒီလိုမျိုး လုပ်မပေးတတ်တာကို အခုမှကိုကိုကထူးဆန်းစွာပြုမူနေသည်၊

သူကိုကို့ဆိုင်ကယ်နောက်ကပထမဆုံးလိုက်ဖူးတဲ့အချိန်‌ကိုတောင်သတိရမိတယ်၊ အဲ့တုန်းကသူကကားနဲ့ပဲသွားချင်တာကို ကိုကိုကဇွတ်အတင်းဆိုင်ကယ်နဲ့ခေါ်ခဲ့တာမဟုတ်လား၊အဲ့တုန်းက ကိုကိုက သူ့ကိုကျောင်းကိုလိုက်ပို့ပေးချင်ခဲ့တာမဟုတ်ဘူးလေ၊

" ကြောက်နေတာလား "

" မကြောက်ပါဘူး "

ပါးစပ်ကသာမကြောက်ဘူးပြောနေတာ နားထင်က ချွေးစက်ကလေးတွေကတော့ သူကြောက်နေတယ်ဆိုတဲ့အကြောင်းသက်သေပြနေသလိုပင်၊

" တကယ်လား "

ကိုကိုကရယ်လျက်နဲ့ပင် သူ့ကိုမေးလိုက်ခြင်းဖြစ် သည်၊ ဒါသူ့ကိုလှောင်နေတာမဟုတ်လား၊ ဒီအသက်အရွယ်ထိဆိုင်ကယ်စီးဖို့ရာကြောက်နေသေးတယ်ဆိုပြီးလေ၊

" ကြောက်ရအောင် ကျွန်တော် ၁၃ နှစ်သားလည်းမဟုတ်ဘူး စီးရဲတယ် သွားမယ် "

" ဘာလို့ချစ်ဖို့ကောင်းနေတာလဲ "

ရုတ်တရက် ကိုကိုသူ့နှာခေါင်းကိုလာညှစ်ပြီးပြောလိုက်တဲ့ စကားကြောင့် သူအသက်ခဏအောင့်ထားလိုက်မိသည်၊ ဆိုင်ကယ်စီးရမှာမို့ လှုပ်ရှားနေတဲ့စိတ်တွေဟာ ကိုကို့လက်ချက်ကြောင့် နှစ်ဆပိုပြီး လှုပ်ရှားသွားခဲ့ရသည်၊

TOXIC Where stories live. Discover now