အချစ်ကကိုယ့်ကို ကိုယ်တောင်ထိန်းချူပ်မူတွေပျောက်ဆုံးစေနေပြီ

Start from the beginning
                                    

"ဂျူဂျူ.... ဂျူဂျူ .....
ဦးဖယ်လိုက်ပြီး မရှိတော့ဘူးမကြောက်နဲ့တော့"

"တ..တ... တကယ်မရှိတော့တာလား? "

"အင်း"

"ဟူးးးးး တော်ပါသေးရဲ့"

"အဆိုဦးကိုလွတ်လို့ရပြီးမလား? ဂျူဂျူ"

"ရှင် သြော် ဟုတ်သားပဲ ဟီးးးး"

ဂျူဂျူတစ်ယောက်အာကာ့ကိုဖတ်ထားသောလက်တွေကိုပြန်​ဖြေရင်း အရှက်ပြေ ပြုံးပြနေလေရဲ့

"အဆိုဦးအခန်းပြန်တော့မယ်နော် ပိုးဟပ်ထပ်တွေ့ရင်းလှမ်းခေါ်လိုက်ဦးဖယ်ပေးမယ် ဘယ်.. နစ် ...ကောင် ....ပဲ... ဖြစ် ဖြစ် ...ပေါ့"

အာကာတစ်ယောက်မျက်နာပြောင်ကာ ဂျူဂျူကိုစနောက်ရင်း သူ့အခန်းထဲဝင်သွားတော့သည်
ဂျူဂျူကတော့သူ အာကာကိုအတင်းဖတ်မိတာပြန်တွေးရင်း
ရှက်ကာ နီးမြန်းနေသောမျက်နာကိုအုပ်၍ အခန်းထဲ၌ကျန်ခဲ့တော့သည်

"အမလေး လေး လေး ငါဘာတွေလုပ်မိပါလိမ့်
ရှက်လိုက်တာ"

ထို့နောက်သန့်ရှင်းသပ်ရပ်နေသော အခန်းထဲကိုစပ်စုကာကြည့်ရင်း ကုတင်ပေါ်မှာထိုင်ကာ

"ဦးငယ်က အတော်အသန့်ကြိုက်ပုံပဲ အခန်းကဖုန်တစ်စက်တောက်မရှိဘူး မွေ့ယာကြီးကလည်းအကြီးကြီးနဲ့အိစက်နေတာပဲ ပိုက်ဆံရှိတဲ့သူဖြစ်ရတာကောင်းလိုက်တာ အကောင်းဆုံးဆိုတာတွေပဲသုံး အကောင်းဆုံးဆိုတာတွေပဲစားရတာ နေတဲ့နေရာကအစအိပ်တဲ့နေရာအဆုံးအကောင်းဆုံးဆိုတာတွေပါပဲ မိဂျူ နင်နဲ့သူနဲ့မတန်ပါဘူးဟယ် စိတ်ကူးတွေယဥ်မနေနဲ့ ဟူးးးးး ငါ့ဘဝကတော့နိမ့်ပါးလိုက်တာ ဘယ်ဘဝကဝဋ်ကြွေးတွေလည်းမသိပါဘူးမိသားစုစုံစုံလင်လင်နဲ့တောင်မနေရဘူး သည်းနေလို့မရဘူးမိဂျူ မနက်အိပရာစောစောထရမယ် အိပ်ရမယ်"
ဟုဆိုကာ အခန်းမီးပိတ်ကာ အိပ်လိုက်တော့သည်။

အာကာတစ်ယောက်အခန်းထဲပြန်ကာအလုပ်စားပွဲပေါ်မှာလုပ်စရာရှိတဲ့အလုပ်လေးတွေလက်စသပ်နေရင်း မျက်လုံးထဲမှာ အလုပ်စာရင်းတွေကြည့်နေရင်း ဂျူဂျူရဲ့ပုံရိပ်တွေ စကားပြောဟန်လေးတွေ ကိုပြန်မြင်ယောင်ကာ ကိုယ့်ကိုကိုယ် ပြုံးမှန်းမသိပြုံးနေလေရဲ့ ပြီးမှသတိပြန်ဝင်လာကာ

"အာကာမင်းဘာတွေဖြစ်နေတာလည်း အ လုပ်ထဲမှာစိတ်နှစ်ထားရမှာ အခုတော့ ဟူးးးး ဒိခလေးမ ငါ့ကိုတော်တော်လေးလွှမ်းမိုးနိုင်တာပဲ ငါတော့သူနဲ့မှချစ်တက်ခဲ့ပြီး"

ကိုယ့်ကိုကိုယ်သတိပေးရင်းအလုပ်ကိုလက်စသက်ကာ
အိပ်ရာဝင်လိုက်တော့သည်။
______________________________________
Part10 မျှော်
ဟီးးး ဟီးးး 😁
တိုသွားတာသိပါတယ်
ရွှန်းလဲ့ ဒိထက်မကကောင်းအောင်းကြိုးစားသွားပါ့မယ်
အဆုံးထိဖတ်ပေးလို့ကျေးဇူးပါ
အိမ်ကမသိအောင်ကိုယ့်ဝါသနာလေး ကိုခိုးရေးရတာမို့
updateကြာသွားလို့ပါသည်းခံပြီးဖတ်ပေးကြပါလို့😘😘😘😘








"အကြင်နာမျက်ဝန်း"Where stories live. Discover now