Freen စိတ်ပိုပူသွားပီး အမြန်ထွက်ခဲ့လိုက်တယ်
ခြံတံခါးဖွင့်ပီး ထွက်မလို့ လုပ်တော့
Baby နဲ့ မငယ်က သူမတို့ခြံဘက်နေ လာနေတာ တွေ့လိုက်မှ
Freen အသက်ရူလို့ ရသွားတယ်
Bec က မမ ရပ်နေတာတွေ့တာမို့ မမ ဘယ်သွားမလို့လည်းဆိုတော့
အော် ဘယ်သွားရမှာတုန်း ခင်ဗျားလေး မပြောမဆိုနဲ့ ပျောက်သွားလို့
စိတ်ပူသွားတာလေ ခင်ဗျားလေးကို ရှာမလို့ထွက်လာတာ ဆိုတော့
သူမ ဇက်က​လေးပုပီး bec က အိမ်ဘက်မှာ ဂစ်တာကျန်ခဲ့တာ သွားယူချင်လို့ မငယ်ကို အဖော်ခေါ်သွားတယ်လေ

အဲ့တာဆိုလည်း Baby ရယ် မမကို ပြောသွားပါ့လား
မပြောသွားတော့ မမ စိတ်ပူသွားတာပေါ့
Bec က ကလေးမှမဟုတ်တာ မမ က ဘာလို့ စိတ်ပူနေရတာ
အဲ့ကလေးမဟုတ်လို့ စိတ်ပူတာပေါ့
စိတ်ပူတာမကြိုက်လည်း နောက်မပူဘူးကွာ
Bec ကနေ Bec ပြောချင်လည်းပြော မပြောချင်လည်းနေ သဘောပဲဟု ဆိုပီး
သူမ စိတ်ကောက်ပီး လည့်ထွက်လာတော့
Bec အမြန်ပြေးလိုက်လာပီး သူမ ပုခုံးကို ဖက်ပီး လိုက်ချော့နေတယ်
Freen သူမလက်ကို ဖယ်ချပီး အိမ်ပေါ်တတ်လာလိုက်တယ်
Bec မငယ်ကို တံခါးသေချာပိတ်ဖို့မှာပီး
အိမ်ပေါ်အမြန်ပြေးတတ်လာပီး အခန်းထဲဝင်လိုက်တော့
မမက မရှိ ရေချိုးခန်းထဲက ရေသံကြားနေရတော့
ရေချိုးနေပီထင်တယ်
Bec ရေချိုးခန်းနားကနေ ရပ်စောင့်နေလိုက်တယ်
မမ စိတ်ဆိုးသွားတာမို့ bec စိတ်မကောင်းဖြစ်နေမိတာ

မမ ရေချိုးခန်းကထွက်လာတော့
အပေါက်နားရပ်နေတဲ့သူမကို တစ်ချက်ကြည့်ပီး လည့်ထွက်သွားတယ်
bec မမနောက်က ကပ်လိုက်လာပီး မမ အဝတ်ထုတ်နေတော့လည်း လိုက်ကူထုတ်ပေး မမ က သူမလက်ကို ဖယ်ချ
မမက bec အခန်းထဲရှိနေတော့ အဝတ်လည်းဖို့ရှက်လို့ထင်တယ်
ရေချိုးခန်းထဲ ပြန်ဝင်လည်းတယ်
မမ ပြန်ထွက်လာတော့ Bec က Hair dryar လေးနဲ့ စောင့်နေပီး မမ ကို ဇွတ်ဆွဲခေါ်လာပီး ဆံပင်လေမူတ်ပေးတော့
ငြိမ်ငြိမ်လေး တော့နေတယ် မျက်နာကတော့ ဆူပုပ်ထားတယ်
ဆံပင်တွေခြောက်လောက်ပီဆိုမှ Bec dryar ကို ပိတ်လိုက်ပီး
ဘေးနားချပီး မမ အရှေ့မှာ ဒူးလေးထောက်ပီး ထိုင်ချလိုက်ပီး မမ လက်နှစ်ဖက်ကို ကိုင်ပီး တောင်းပန်လိုက်တယ်
Bec စကားပြောရိုင်းသွားမိရင် တောင်းပန်ပါတယ်နော် မမ ကို နောက်ဆို စိတ်ပူရအောင်လည်းမလုပ်တော့ဘူး
နော် မမ
Bec ကို စိတ်ကောက်ပြေပါတော့နော်
မမ စကားမပြောရင် Bec တကယ်မနေတတ်လို့ပါ
မျက်နာငယ်လေးနဲ့ ပြောနေပုံ​လေးက အသည်းယားစရာလေးမို့ သူမ
Baby နားခေါင်းလေးဖွဖွလေး ညစ်ပီး
အင်း စိတ်မကောက်တော့ဘူး ထတော့ ဆိုပီး သူမကို ဆွဲထူပေးပီး ဘေးမှာ ထိုင်ခိုင်းလိုက်တော့
Bec က သူမခါးကိုလာဖတ်တယ်

MineWhere stories live. Discover now