နောက်ဆုံးတော့
သူ့ကြိုးစားမှုတွေကအရာထင်ခဲ့ပြီပဲဖြစ်သည်။____________________🐶🐰
"" Babyက ငါ့ကို ချစ်တယ်တဲ့
အွန်းဆိုပြီးခေါင်းလေးညိမ့်ပြတဲ့ပုံစံလေးကို
ငါအခုထိမျက်လုံးထဲကမထွက်သေးဘူး...
တအားချစ်စရာကောင်းတာပဲကွာ ""မနေ့ကလည်း တစ်ညလုံး kakaoမှာ message တွေဆက်တိုက်ပို့ပြီး ပွမ်ခဲ့တဲ့အပြင် အခု ကျောင်းမှာတွေ့တော့လည်း အဲ့ဒီအကြောင်းတွေကိုပဲ ပြောမဆုံးဖြစ်နေတဲ့ဂယူဗင်းကြောင့် ရစ်ခီ့မှာ နားဂွမ်းဆို့ထားချင်စိတ်ပေါက်လာတော့သည်။
"" အခုဆို Babyက ငါ့ရည်းစားလေးဖြစ်နေပြီ
ယူဂျင်းနီးက ငါ့ရည်းစားတဲ့ကွာ ... ဟောဒီ ONE universityတစ်ခုလုံးမှာ ချစ်ဖို့အကောင်းဆုံးကလေးလေး ဟန်ယူဂျင်းက ငါ့ရည်းစားလေးဖြစ်နေပြီကွ ရစ်ခီရ မင်းဝမ်းမသာဘူးလား ""ဂယူဗင်း သူ့စိတ်ကူးနဲ့သူ အရှေ့ကိုကြည့်ကာ ပြောနေရင်းနဲ့မှ ရစ်ခီ့ဘက်ကို ဖြတ်ခနဲ လှည့်ကြည့်လိုက်မိရာ... လောကကြီးကိုစိတ်ကုန်ခမ်းနေတဲ့ မျက်နှာသေမျိုးနဲ့ သူ့ကိုစိုက်ကြည့်နေတဲ့ ရစ်ခီ့မျက်နှာကိုမြင်လိုက်ရတော့သည်။
"" အာ.. မင်းက ဝမ်းမသာဘူးကိုး ""
YOU ARE READING
Dearest : Baby Yujinnie
FanfictionDo you like sweet candy? Then, read this! Kim Gyuvin ♡̷̷̷ Han Yujin GyuJin<3
6 : 24/7ချစ်ရတဲ့မင်း
Start from the beginning