အဲ့တုန်းက စနောက်တယ်ပဲထင်နေတာ
တကယ်ကြီး Yujin က Jisoo ကို
Blind dateလုပ်ခိုင်း
ခဲ့တာလား ။

ဘယ်လိုပဲလုပ်ခိုင်းပါစေလေ
သူကလည်း လုပ်ချင်မှ ဖြစ်အုံးမှာ ။
ဒါပေမယ့် Kim Jisoo က
တော်တော်လေးကို စိတ်ပါနေတယ်
တူပါတယ်။   နှစ်ယောက်သား
ရယ်ရယ်မောမောနဲ့ စကားပြောနေကြတာ
ဆိုင်ထဲမှာ အချိုဓာတ်တွေ
ပျံလွင့်နေတယ့် အတိုင်းပဲ ။

ဒီကိစ္စက သူမနဲ့
ဘာမှမဆိုင်တာသိပေမယ့်
ရုတ်တရက်ကြီး စိတ်ထဲ
အလိုမကျသလိုလို ၊ ဒေါသထွက်လာ
သလိုလို ဖြစ်လာသည် ။
ဆိုင်ဝန်ထမ်းကောင်လေး
ကမ်းပေးနေတယ့် Ice cream ကို
ယူပြီး သူမ အမြန် ဆိုင်ထဲက
ထွက်လာခဲ့လိုက်သည် ။

ဆိုင်ပြင်ကနေ ထောင့်စွန်းက
တစ်နေရာကို တစ်ချက်လှမ်းကြည့်
လိုက်သည် ။ ပြီးမှ ဆိုင်ရှေ့က
ထွက်လာခဲ့ပြီး အရေးမပါစွာ
ဝယ်ခဲ့လိုက်မိတယ့် Mint ice cream
နှစ်ဗူးထည့်ထားတယ့်အိတ်ကို
အနီးနားက အမှိုက်ပုံးထဲ ပစ်ထည့်
လိုက်သည် ။

သူ့ဟာသူလည်း ဝယ်စားနိုင်နေတာပဲကို
Jennie ဘာလို့ အရေးမပါတာတွေ
လုပ်နေမိတာလဲ ။

ချက်ချင်းဖုန်းဖွင့်ပြီး
Jisoo နဲ့ အပြန်အလှန်ပို့ထားတယ့်
Goodmorning တွေ Goodnightတွေ
ချည်းသာ ပလူပျံနေတယ့်
Conservation ကို ဖျက်ပစ်လိုက်သည် ။

တခြားစကားအပိုတွေ
မပြောဖြစ်ပေမယ့် သူမ မူးပြီး
စာမှားပို့မိတယ့်အချိန်ကစပြီး
Goodmorningနဲ့ Goodnight က
တော့ ပုံမှန်ပို့ဖြစ်ကြသည် ။

သူမတို့ဆက်ဆံရေးအတွက်
ဒါဟာမလိုအပ်တယ့် အပိုအလုပ်
သက်သက်ဆိုတာ သိပေမယ့်လည်း...။

အခုနောက်ပိုင်း သူမနဲ့Jisoo
ပိုရင်းနှီးလာပြီထင်ခဲ့မိသည် ။
ဒါပေမယ့် Blind dateသွားလုပ်တာတောင်
သူမ မသိခဲ့ရဘူး ။

သူမစိတ်ကို ဖြေလျော့ဖို့
ကြိုးစားလိုက်သည် ။  ဒါက
Jennie သိစရာလိုတယ့်ကိစ္စ
မဟုတ်သလို ၊ Jisoo ကလည်း
မပြောမနေ အသိပေးရမယ့်
ကိစ္စမှ မဟုတ်တာ။ 

သူမတို့က တစ်ယောက်နဲ့တစ်ယောက်ကိစ္စတိုင်း ဝင်ပါနေရမယ့် ဆက်ဆံရေး
မျိုးလည်း မဟုတ်ဘူးလေ ။


Let me Love you Where stories live. Discover now