Chapter 38

918 110 2
                                    


Chapter 38

သူ့ရဲ့သဘောထား





ချန်ရုံ၏မြင်းလှည်းမှာ လမ်းပေါ်တွင် ဖြည်းညင်းစွာ မောင်းနှင်လာခဲ့သည်။မီးများက လင်းစပြုလာပြီး တံမြိတ်စက်အောက်၌ မီးပုံးတန်းများယိမ်းနွဲ့နေကြကာ လမ်းပေါ်တွင်မူ ဖြတ်သွားဖြတ်လာများ ကျဲပါးလာလေ၏။ လမ်းသွယ်များထဲသို့ဖြတ်သန်းသွားသည့်အခါတွင်ပြတင်းပေါက်နောက်ကွယ်မှ နှင်းဆီရောင် မီးအလင်း‌ရောင်များနှင့် ရယ်မောသံများ ထွက်ပေါ်လာကာ ကြွယ်ဝချမ်းသာမှုကိုကိုယ်စားပြုသော အလှကုန်ပစ္စည်းများ ၊ ရေမွှေးရနံ့များ ၊ တေးဂီတများ အစရှိသည်တို့အား ခံစားသိရှိလာရသည်။

ရထားအတွင်း၌ ထိုင်နေသောချန်ရုံမှာ ခေါင်းကိုငုံ့ထားပြီး အလွန်တည်ငြိမ်နေပုံရသော်လည်း သူမ၏လက်များကမူ ဝတ်ရုံစအား တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားလျက်ရှိသည်။

အထိန်းတော်ဖျင်မှာ သူမ၏မမလေးပိုင်ဆိုင်သည့် တစ်ခုတည်းသော ပွဲတက်ဝတ်စုံ ပျက်စီးသွားမည်ကို စိုးရိမ်စွာဖြင့် ဘေးမှ စိုက်ကြည့်နေခဲ့လေ၏။

ထိုအချိန်တွင် ချန်ရုံက သူမ၏ဝတ်ရုံစကို လွှတ်လိုက်ပြီး အသက်ပြင်းပြင်းရှူလာသည်။

“အထိန်းတော်ဖျင် ... ကျွန်မ နည်းနည်းတော့ စိတ်ပူနေတယ် ”

ချန်ရုံက မျက်လုံးများကိုမှိတ်ထားလျက် ခပ်တိုးတိုးဆိုလိုက်သောအခါ အထိန်းတော်ဖျင်က ဂရုဏာသက်နေ‌သောအကြည့်များဖြင့် ဆိုလာသည်။

“သခင်မလေး ဝမ်ချီလန်က ဟိုး မိုးမြင့်ထက်ကလူပါ ... ဒီ  လောက်နဲ့ပဲမေ့လိုက်ပါတော့ "

ထိုအခါ ချန်ရုံတစ်ယောက် ရယ်ချင်လာတော့၏။သူမက နှုတ်ခမ်းများကိုတင်းတင်းစေ့ပြီး မရယ်မိအောင် ထိန်းချုပ်ထားသည်။

“အထိန်းတော်ဖျင်ရဲ့စကားတွေက ခံစားချက် ပိုကောင်းလာစေတာပဲ ”

မည်သည်ကိုမှနားမလည်နိုင်ရှာသော အထိန်းတော်ဖျင်မှာမူ သူမအား  စိတ်ရှုပ်ထွေးစွာဖြင့်ကြည့်နေလေ၏။

ထို့နောက် ချန်ရုံက လက်ကိုဆန့်တန်းပြီး အမှောင်ထုအားထိတွေ့လိုက်သည်။သူမက ကြယ်စင်များဖြင့်ပြည့်နှက်နေသောကောင်းကင်ယံကို မျှော်ကြည့်လိုက်ပြီး တစ်ကိုယ်တည်းကြားလောက်သည့်လေသံဖြင့်“ တစ်ခါသေဖူးတာပဲ  ဘာကိုကြောက်နေရမှာလဲ"  ဟု ခပ်တိုးတိုးဆို၏။

မေကုန်းချင်Where stories live. Discover now