ဒူရိရှင်း မတ်တပ်ရပ်လိုက်ပြီး ကြမ်းပြင်ကိုစစ်ဆေးလိုက်တယ်။သွေးတွေကနေရာတိုင်းပြန့်ကျဲနေပြီး ခြေရာတချို့က သွေးတွေ အဖြူအစအနတွေ ကြားမှာမြင်နေရတယ်။အဲ့အရူးကောင်က သူတို့လာခဲ့တဲ့ရှေ့ဘက်ကိုဦးတည်ပြီးထွက်သွားတာပဲ။

ကော်ရစ်ဒါ ပတ်လမ်းအတိုင်းဆိုရင် ဖြတ်သွားဖို့အချိန်တွေအများကြီးရှိတယ်ဆိုပေမဲ့လည်း သူတို့ပြေးပြီးထွက်သွားရင် ထိုလူကနောက်ကနေလမ်းလျှောက်လာမှာ အဲ့အချိန်ထိုခြေရာတွေကိုမြင်ပြီး ခန့်မှန်းရင်းရောက်ချလာနိုင်တယ်။

စုယင်း ကတော့ သူ့ကောင်လေးရဲ့ခေါင်းက ထိုဂျူတီကျဆရာခါးမှာရှိနေသေးတာကိုမြင်တော့ မျက်ရည်ကျလုဆဲဆဲအခြေအနေကိုထိန်းချုပ်ထားရတယ်။အဲ့ဒီနောက် ထိုနှစ်ယောက်ထွက်သွားဖို့ပြင်နေတာကိုမြင်တော့ သူမလှမ်းတားလိုက်ပြီး

"ငါ..ငါ...ဝန်ထမ်းရုံးခန်းကိုပြန်သွားချင်တယ်"

သူမသွားကိုတင်းတင်းစေ့ထားကာ ဆက်ပြောလာတယ်။

"အာ့ဝမ် ရဲ့ ခန္ဓာကိုယ်အဲ့မှာကျန်နေသေးတယ်။  ငါမထားခဲ့နိုင်ဘူး"

"ဒါဆိုသွားလေ"

" ဟမ်"

စုယင်း ပြောတာရပ်သွားပြီး ရှင်းအောင်ထပ်ပြောလာပြန်တယ်။

"ငါပြောတာက ...နင်တို့ပါငါနဲ့အတူလိုက်..."

ဒူရိရှင်း က သူမပြောတာကိုဖြတ်ပြောလိုက်ပြီး

"မင်းဘာသာဘယ်ပဲသွားသွား ငါစိတ်မဝင်စားဘူး။
ငါကတော့ မြန်မြန်ပဲထွက်သွားချင်တယ်"

"နင်.."

စုယင်း မျက်ခုံးတွေကြုံ့လာပြီး

"နင်ဘာလို့ ဒီလိုလူစားဖြစ်နေရတာလဲ။ငါ့ကောင်လေးကြောင့်သာမဟုတ်ရင် ငါတို့ပြေးလို့လွတ်မှာတဲ့လား။အခုနောက်ဆုံးအနေနဲ့ငါက သူ့ခန္ဓာကိုယ်အစိတ်အပိုင်းကိုစုစည်းပေးခဲ့ချင်တာ အဲ့လောက်လဲအချိန်ကြာတာမဟုတ်ဘူး။နင်တကယ်ပဲရက်စက်တဲ့လူစားပဲ အသည်းနှလုံးမရှိဘူးလား"

"ဟုတ်တယ် ။ မင်းဘာသာပြောချင်တာပြော"

သူတို့ဒီမှာ ကြာကြာရှိနေရင် ပိုပိုပြီးအန္တရာယ်များလာနိုင်တယ်။ဂျူတီကျဆရာက သေသွားပြီဆိုပေမဲ့ အာ့ရွှန်း ဘယ်ရောက်သွားသလဲဆိုတာ ဘယ်သူမှမသိဘူး။သူတို့သာ အာ့ရွှန်း ဆီမှာမိသွားရငိ ဟိုအရူးကောင်သတိထားမိသွားလိမ့်မယ်။

Survival Game ထဲရောက်တော့ ငါ့ရဲ့ Single ဘဝလေးကိုစွန့်ပစ်လိုက်တယ် Where stories live. Discover now