" မစဥ်းစားဘဲနေရမလား ငါကဘာပဲဖြစ်ဖြစ် ပြန်ရမယ့်လူပဲကို "
ဆံပင်တွေကိုထိုးဖွရင်း သက်ပြင်းချမိသည်။ လှည့်ပြန်ရမယ့်လမ်းကို ခပ်ဝေးဝေးထိလီဆာမလျှောက်သင့်။ ကိုယ်တိုင်လည်းဒဏ်ရာတွေမရချင်သလို၊ ဘယ်သူ့ကိုမှလည်းဒဏ်ရာတွေမပေးချင်တဲ့လူစားမို့ မလိုအပ်ဘဲဇွတ်ရှေ့မတိုးချင်ပါ။ မျက်နှာကိုလက်ဖဝါးဖြင့်ပွတ်သပ်ကာ မျက်လုံးတွေပြန်မှိတ်လိုက်သည်။ နေထွက်စပြုလာတဲ့အချိန်မှ လီဆာအိပ်ပျော်သွားခဲ့၏။
✯✯✯
" လီဆာ အရှင့်ဆီသွားရမှာဆို "
" ... "
" လီဆာ .. လီဆာ ! "
တကိုယ်လုံးကိုင်လှုပ်ခံရမှ လီဆာနိုးတော့သည်။ မျက်လုံးတွေစူးအောင့်ပြီး ခေါင်းတစ်ခုလုံးချာချာလည်လျက်။
" နေထွက်တာတောင်ကြာနေပြီ အချိန်လင့်တော့မယ် "
ချန်းက အက်ျီပေါ် ဝတ်ရုံကြီးထပ်ခြုံနေရင်းပြောသည်။
" ဘယ်သွားဖို့ရှိလို့လဲ ချန်း "
" ချီဆူးနဲ့ မြို့တော်ထဲသွားမလို့ "
" ... "
" နားစွင့်စရာရှိတာစွင့်ပြီးပြန်လာမှာ နောက်ရက်ကျမှ နင့်ကိုခေါ်သွားမယ် "
လီဆာခေါင်းငြိမ့်ပြလိုက်သည်။ အခုချိန်မှာတော့ ချန်းနဲ့မလိုက်သွားရလည်း ဘာမှမဖြစ်။ မြို့တော်ထဲသွားကြည့်ရတာက ဂျိန်းနီယာနာမျက်နှာကိုမြင်ရတာလောက် စိတ်လှုပ်ရှားစရာကောင်းဦးမလားနော်။ ကိုယ့်အတွေးနဲ့ကိုယ် ခပ်သွက်သွက်ကိုယ်လက်သန့်စင်ပြီးချိန် ချီဆူးရောက်လာသည်။
" အရှင့်ဆီသွားရမှာမဟုတ်လား "
လီဆာ့ကိုမြင်တာနဲ့ ချီဆူးကမေးလာခြင်း။ လီဆာ မနက်စာစားဖို့လက်လှမ်းနေရင်းက ခေါင်းငြိမ့်ပြလိုက်သည်။ ချန်းကတော့ ခပ်ကုတ်ကုတ်ဖြစ်နေတဲ့လီဆာ့ပုံစံကိုကြည့်ကာ ရယ်နေ၏။
" ပြီးရင်နန်းတော်ထဲလျှောက်မသွားဘဲ တည့်တည့်မတ်မတ်ပြန်လာခဲ့ မနေ့ကလိုလျှောက်သွားပြီး ဂျူရိုနဲ့တွေ့ရင် နင့်ကိုဘယ်သူမှကယ်မပေးဘူး "
![](https://img.wattpad.com/cover/315283514-288-k573462.jpg)
YOU ARE READING
- 𝐓𝐇𝐄 𝐍𝐎𝐍𝐄𝐗𝐈𝐒𝐓𝐄𝐍𝐓 𝐂𝐎𝐒𝐌𝐎𝐒
Fanfiction- ထိုစကြဝဠာတွင် စစ်ချီတေးများ စည်သံများ Cosmos ပန်းများနှင့် နီညိုရောင်မျက်ဝန်းတို့က နှလုံးအိမ်အားဖြည့်စွက်သည်။