04

1.6K 272 74
                                    

မနက်ကတည်းက အစေခံများအပြေးအလွှားဖြစ်နေသည်ကို လီဆာထိုင်ကြည့်နေရသည်။ မနေ့ညက ဂျိန်းနီယာနာနှင့်တွေ့ခဲ့ကြောင်း၊ ဂျိန်းနီယာနာက ပန်းပျိုးခွင့်ပေးလိုက်ကြောင်း ချန်းကိုပြောပြတော့ ချန်းကဆုတောင်းပွဲပြီးမှ ထိုကိစ္စလုပ်ဆောင်ရန်မှာ၏။ မည်မျှကြီးသည့်ပွဲလဲတော့မသိ ချန်းနဲ့ချီဆူးအပါအဝင် နီယာနာတစ်ခုလုံး မနက်အစောကတည်းက လှုပ်လှုပ်ယွယွဖြင့်။

နေ့လည်ပိုင်းရောက်တော့ လီဆာမနေနိုင်တော့။ ဂျိန်းနီယာနာက ချီဆူးနဲ့ချန်းပါမှ နန်းဆောင်အပြင်ထွက်ရမယ်ပြောပေမယ့် နှစ်ယောက်လုံးက အရိပ်တောင်မမြင်ရတာမို့ တစ်ယောက်ထဲ နန်းတော်ထဲထွက်လာခဲ့သည်။ ဂျိန်းနီယာနာနဲ့မတိုးရင် ပြဿနာမရှိနိုင်ပါဘူးလေ။

လူများသည့်နေရာများကိုရှောင်ကာလျှောက်ရင်း မြင်းဇောင်းတန်းဘက်ရောက်တော့ မြင်းထိန်းများကမြင်းတွေကိုထုတ်ကာ နှီးခုံးများတင်နေကြသည်မို့ လီဆာရပ်ကြည့်လိုက်သည်။ ဆယ်ကျော်သက်အရွယ်မြင်းထိန်းကောင်လေးတစ်ယောက် လီဆာနဲ့မလှမ်းမကမ်းဆီ မြင်းကိုဆွဲလာတော့ အနားတိုးသွားလိုက်ရင်း ..

" မြင်းတွေက ဘာလုပ်ဖို့လဲ "

ထိုကောင်လေးကလီဆာ့ကိုမြင်တော့ သူ့လက်ထဲကအဝတ်စကိုချကာ အရိုအသေပေး၏။ မျက်နှာစိမ်းပေမယ့် ချန်းရဲ့အမျိုးနွယ်လို့သိထားကြတာမို့ နန်းတော်ထဲကလူတွေက လီဆာ့အား ချန်းကိုဆက်ဆံသကဲ့သို့ဆက်ဆံကြသည်။

" ညနေကျဆုတောင်းပွဲရှိလို့ပါ .. ဆုတောင်းပွဲပြီးရင် မြင်းဟန်ရေးပြပွဲလုပ်ရမှာမို့ "

" အော် "

လီဆာခေါင်းတဆတ်ဆတ်ငြိမ့်ရင်း ထိုနေရာမှဆက်လျှောက်လာခဲ့သည်။ တကူးတကလိုက်ကြည့်မိမှ နီယာနာနန်းတော်ကြီးမည်မျှကျယ်ကြောင်း သတိထားမိရ၏။ မြင်ကွင်းမှန်သမျှ မေ့မသွားအောင်မှတ်ထားရင်း ရောက်ခါစကလောက် စိမ်းသက်သည်ဟု မခံစားရတော့။

နန်းဆောင်တော်တော်များများကိုကျော်လွန်လာပြီး အဖျားပိုင်းရောက်မှ ခြေလှမ်းတွေရပ်လိုက်သည်။ ဂျိန်းနီယာနာရဲ့စံနန်းဆောင်ရှိနေတဲ့အပိုင်းကလွဲ နေရာတော်တော်များများကို လီဆာလိုက်ကြည့်ခဲ့ပြီးပြီ။

- 𝐓𝐇𝐄 𝐍𝐎𝐍𝐄𝐗𝐈𝐒𝐓𝐄𝐍𝐓 𝐂𝐎𝐒𝐌𝐎𝐒Where stories live. Discover now