05
' ဝေ့ ဖင်ပြဲပြီးသေပြီလား ထပါအုံး '
' ငါ့ဟာ ဖင်ပြဲလည်း ဆေးလိမ်းပေးမဲ့ ကိုကိုရှိတယ် '
ထိုသူက နှာခေါင်းရှုံ့ပြီး ပြန်ပြောတယ်။
' ငွေကြုပ်ကို ပေးပါကွာ~ အဲ့တာက အရေးကြီးတယ် '
အော့!
သွေးတွေအများကြီးအန်ထွက်လာတဲ့ ထိုသူ။
' ဝေ့ဝူရှန့်! သေချင်တာလား!! '
' အဟား ငါ့သက်တမ်းကဘယ်လောက်မှမရှိတော့ပါဘူး ရှောင်းအာ စိတ်ပူတာလား '
' ×ီးကို '
' ငွေကြုပ်လေးထဲက ဒင်္ဂါးလေး ရှောင်းအာ ငါ့ကိုပေးရင် ငါအဆင်ပြေတယ် '
' ဒင်္ဂါး? အဲ့တာနဲ့ မင်းက ဘာမှမသက်ဆိုင်ဘူးလေ '
' ရှောင်းအာ...~ မဆိုးနဲ့တော့ "
သွေးတွေအများကြီး ထွက်ပေါ်လာတဲ့ သူသည် ရှောင်းကျန့်ရဲ့ အမွှာအစ်ကို ဝေ့ဝူရှန့်။ တစ်နည်းပြောရရင် အငွေ့အဖြစ်အသက်ရှင်နေတဲ့ လူခြောက်။
' ငါ လန်ကိုကိုဆီသွားမှရမှာ '
' မသွား အင့် မသွားရဘူး '
' မသွားလို့မရဘူး သွားရင်... သွားရင် ငါဘယ်လိုနေရမှာလည်း ဝေ့ကော '
' မင်းရဲ့ ကိုကိုရှိတယ်လေ။ Wang လူကြီးမင်းက မင်းအတွက်သင့်တော်ပါတယ် '
' ဒင်္ဂါး..အင့် ဒင်္ဂါးကို ပေးမယ်လေနော် မသွားပါနဲ့ "
ဝေ့ကောက ရှောင်ကဖန့်ရဲ့ မျက်ရည်တွေကိုလက်ကလေးနဲ့တို့ထိပြီး ရယ်တယ်။
' ကလေးဆိုးလေးပဲ ရှောင်းအာ.. ဒင်္ဂါးလေးက ပေါင်းကူးတံတားလေးလေ... ရှောင်းအာ..
ကောက မင်းရင်ဘတ်ထဲမှာရင်သန်နေမှာပါ '' မဟုတ်..မဟုတ် ကော မသွားပါနဲ့ အားးး '
" မသွားပါနဲ့...မသွား အင့်ဟင့် "
Wang စိတ်ညစ်နေတယ်။
ဘေဘီလေးက အဖျားဝင်ပြီး ကယောင်ကတန်းတွေ ထ,ထပြောနေတာ။ ဘယ်လိုလုပ်လုပ် နိုးမလာဘူး။ သူတကယ်ကိုစိတ်ပူနေပြီ။ နောက်ဆုံးရတဲ့အကြံကြောင့် ဘေဘီ့နှုတ်ခမ်းတွေဆီ အသက်ရှုကျပ်အောင် ဖိကပ်ပြစ်တယ်။