"ဒါပေမဲ့ ကားက ဖြည်းဖြည်းလေးပဲ သွားနေတာဆိုတော့ အရိုးတွေလည်း မကျိုးသလို ခွဲစိတ်စရာလည်း မလိုပါဘူးကွယ်။"

"ဘယ်လိုပြောပြော ဒါက ယာဉ်မတော်တဆမှုပဲမလို့ ဆရာတို့တွေ တစ်ရက်၊ နှစ်ရက်လောက် စောင့်ကြည့်ဖို့ လိုသေးတယ်...။ မဒမ်၊ မဒမ်ပဲ ဇွဲကောင်းကောင်းနဲ့ ဆေးရုံဆင်းဖို့ လုပ်နေတာ*။"
(T/N : ဒီနားလေး နည်းနည်းပြင်ထားပါကြောင်း။)

"အဖွားအဆင်ပြေပါတယ်... အဖွားဆေးရုံတက်ဖို့ မလိုပါဘူး။ အဖွားတို့ အခု အိမ်ပြန်လို့ ရပြီ။"

"အဖွား!"

"ဒီမှာက ပိုက်ဆံကုန်စရာတွေချည်းပဲ... အဖွားမနက်ဖြန် အလုပ်သွားရအုန်းမှာကို သားသိရဲ့သားနဲ့ကွယ်။"

"ဒါပေမဲ့ အဖွားခြေထောက်တွေက!"

ဂျန်အွန်ယောလ်အဖွားက အလုပ်သွားရအုန်းမှာကို ပြောလိုက်တော့ ဂျန်အွန်ယောလ်နဲ့ သူမနဲ့ သူမခန္ဓာကိုယ်ဘာဖြစ်ထားလဲဆိုပြီး စတင် ငြင်းခုန်တော့တယ်။ ကျွန်တော် တိတ်တဆိတ်ပဲ ဖုန်းထုတ်လိုက်ပြီး Doraemon ခေါ် ဂီဟျွန်ဂျူးကို စာပို့လိုက်တယ်။ ကျွန်တော် စာပို့လိုက်ပြီး မိနစ်အနည်းငယ်အတွင်းမှာပဲ ဌာနဆိုင်ရာမန်နေဂျာ(ဆရာဝန်)က အရေးပေါ်ခန်းဆီ ရောက်လာတယ်။

"ကျွန်တော် ရောက်ပါပြီ။"

"ကျေးဇူးပြုပြီး ဒီလူနာကို ဆောင်းဝန်းကိုယ်စား စောင့်ရှောက်ပေးပါအုန်း။"

"ကျွန်တော် အခုပဲ ဆေးရုံခန်းတစ်ခန်း အဆင်သင့် ပြင်လိုက်ပါမယ်" ဆရာဝန်က ပြန်ဖြေလိုက်တယ်။

"အာ… ဒါပေမဲ့ ငါက အခုထိ အဖွဲ့ဝင် မဖြစ်သေးဘူးလေ… ဒါကြောင့် ဒီလို လုပ်ဖို့ မလိုပါဘူး။” ဂျန်အွန်ယောလ်က သူ့အဖွားနဲ့ စကားပြောပြီးတာနဲ့ ချက်ချင်း ကျွန်တော့်ဆီ ပြေးလာတယ်။ သူ့အဖွားကလည်း ကျွန်တော် ပြောတာ ကြားပြီးပြီးချင်း ထိတ်လန့်သွားတယ်။

“အဖွားအဆင်ပြေတယ်! အဖွားတို့မှာ ပိုက်ဆံ မရှိတာကြောင့် အဖွားအဆင်ပြေတယ်လို့!”

“ဟယ်လို အဖွား။ ပိုက်ဆံကိစ္စ စိတ်မပူပါနဲ့။ ကျွန်တော်တို့ ကြည့်လုပ်လိုက်ပါ့မယ်။”

လူ့အမှိုက်ရဲ့ ရှင်သန်ရန် ကြိုးစားမှုများ : Myanmar Translation (Zawgyi)Where stories live. Discover now