အပိုင်း ၉ [ Unicode+Zawgyi]

Start from the beginning
                                    

အိမ်နားရောက်တော့ ဆိုင်ပိတ်ထားသည်ကိုတွေ့လိုက်ရ၍ ဆိုင်နောက်ဘက်တွင်ရှိသော အိမ်ထဲ သူခပ်မြန်မြန်လေးလျှောက်သွားလိုက်သည်။

အိမ်ထဲဝင်သွားတော့ မေမေဧည့်ခန်းထဲက ကျွန်းသားထိုင်ခုံတစ်လုံးပေါ်မှာ စာအုပ်ဖတ်နေတာကိုတွေ့လိုက်ရသည်။

ရှိုင်းမြတ်လည်းဝယ်လာခဲ့သော စားစရာများကို စားပွဲခုံပေါ်တင်လိုက်ပြီး

" မေမေ ဘာလို့ဆိုင်ပိတ်ထားတာလဲ။ နေတောင်မစောင်းသေးဘူး "

" ဟုတ်တယ်သားရေ...မေမေ ခေါင်းသိပ်မကြည်လို့ အစောပိတ်လိုက်တာ "

ရှိုင်းမြတ် လွယ်အိတ်အား မေမေ့အနားကထိုင်ခုံတစ်လုံးအပေါ် ချလိုက်ပြီး မေမေ့နားထင်လေးတွေကို အသာအယာနှိပ်နယ်ပေးလိုက်သည်။

" ခဏနားလိုက်တော့ မေမေသက်သာပါပြီသားရယ်.."

" မေမေတစ်‌ယောက်ထဲပင်ပန်းနေတာ မကြည့်ချင်တော့ဘူး။ သားလည်း အမြန်ကျောင်းပြီးသွားမှကောင်းမယ်။ အဲ့တာမှမေမေ့ကိုကူညီနိုင်မှာ "

ထိုအချိန် မေမေတစ်ချက်ပြုံးလိုက်ပြီး

"မေမေတစ်ယောက်ထဲမဟုတ်ပါဘူးသားရယ်...မောင်ကျော်နဲ့မဝင်းလည်းရှိနေတာပဲ။ နောက်ပြီး သားလည်းကျောင်းသွား၊ ကျောင်းပြန်ကူညီနေတာပဲဟာ မေမေ မပင်ပန်းပါဘူး "

" မေမေကတော့ပြောလိုက်ရင် အဲ့သည်လိုပဲ "

"......"

" ဒါနဲ့ ဟိုအရူးမလေးကော ပြန်မရောက်သေးဘူးလား "

" ဘယ်သူ့ကို အရူးလို့ပြော‌တာလဲ "

ရှိုင်းမြတ်စကားဆုံးပြီးပြီးချင်း အပေါ်ထပ်မှ ပြန်တုံ့ပြန်လိုက်သောစကားတစ်ခွန်း ။

အထက်တန်းကျောင်းသူလေး ဝတ်ရည်မေ မှာ ဆံပင်ဂုတ်ထောက်လေးနှင့် ပန်းနုရောင် ဂါဝန်လှလှလေးအားဝတ်ဆင်ထားသည်။

" ကိုကိုနော်...ကိုကို.....၊ သူများနောက်ကွယ်မှာအတင်းပြောနေတာ။ အကျင့်ကိုမကောင်းဘူး "

သူမသည် အပေါ်ထပ်အိပ်ခန်းမှ တစ်ဆင့် အောက်ထပ်သို့ တပျစ်တောက်တောက် ပြော၍ဆင်းလာလေသည်။ ဘာဘီရုပ်လေးတစ်ရုပ်ကဲ့သို့ချစ်စဖွယ်ကောင်းလှသောညီမဖြစ်သူကိုကြည့်ရင်း ရှိုင်းမြတ်စိတ်မချနိုင်ဖြစ်နေမိသည်။

ရင်ခုန်သံ ရပ်ဝန်းလေး [ Completed ]Where stories live. Discover now