အပိုင်း (8.3)

Comenzar desde el principio
                                    

အသက် အကြိမ် အနည်းငယ် လောက် ရှုရှိုက် ပြီးတဲ့ နောက် နန်ဟွေး က ကိစ္စ တစ်ခု ကို အတည်ပြု လိုက် နိုင်ပါတယ်။

အဲ့တာ ကတော့ ဒီအဝတ်က ကျင်းထန် ဝတ်ထားတဲ့ အဝတ် တစ်ထည် ဖြစ်တယ် ဆိုတာကိုပေါ့။

သူက မမျှော်လင့် ထား လောက်တဲ့ အထိ  အရမ်းကို ပျော်ရွှင်နေ ပေမယ့် အဲ့ အတွေးကြောင့် သူ့ရဲ့ ကိုယ်ပိုင် ပျော်ရွှင် မှုကိုတော့ ပျက်စီး မသွားစေ ပါပေ။

နန်ဟွေး က တစ်ခစ်ခစ်နဲ့ ရယ်ကာ ထို အငွေ့အသက်တွေ က သူ့ရဲ့ နားရွက်တွေနဲ့ အမြှီး ကို ပြန်သိမ်း စေဖို့ ကူညီပေးနိုင် တော့မှာလို့ တွေးမိ လေတယ်။ သူတို့ က လိုအင်ဆန္ဒတွေ ကို မလွန်ဆန် နိုင်ခဲ့ ရုံသာ ဖြစ်တယ်လို့ အပြစ်ရှိစိတ် လေးကို စိတ် ထဲကနေ ပယ်ထုတ် ဖို့ ကြိုးစား လေတယ်။

( သူက အရင်သွားစ ခဲ့တာ နော်)

ဒါပေမယ့် အဲ့တာ က သူ့ဘာသာ သူ ပြန်လိမ်နေ မိတယ် ဆိုတာကို လည်း နန်ဟွေး က ကောင်းကောင်း ကြီး သိလေတယ်။

သမုဒ္ဒရာ ကြီးလို အငွေ့အသက်တွေ ရှိတဲ့ ရနံ့တွေက ခပ်ပြင်းပြင်း နဲ့ ရှုသွင်း ခြင်းကို ခံလိုက် ရ ပြီးတော့ နန်ဟွေး ရဲ့ ကိုယ်ထဲ မှ သွေးကြောမျှင်လေး တစ်ချောင်း ချင်းစီ တိုင်း ကို ဝင်ရောက် ပျံ့နှံ့ သွားတော့ လေတယ်။

နက်ရှိုင်းလှတဲ့ ည အမှောင် တုံး က လည်း သူက ထို အငွေ့အသက် တွေနဲ့ ရစ်ပတ်ခြင်း ကို ခံခဲ့ ရပြီး နစ်မြုပ် ခဲ့တာ ပဲလေ။

ကူကယ် ရာမဲ့နေတဲ့ လှေငယ်လေး က လှိုင်း အပြည့် ထန် ​နေတဲ့ ရေပြင်ကျယ် ပေါ်မှာ လူးလာ မျောလွင့် ခဲ့ ပေမယ့် သမုဒ္ဒရာ ကြီးကတော့ အဲ့ လှေလေး ကို မချိုးဖဲ့ ပစ်ခဲ့ ဘူးလေ။

အဲ့တာ က နာကျင်ရက်စက် တဲ့ အဖြစ်အပျက် တစ်ခု လုံးဝ မဟုတ်ခဲ့ ပါချေ။

သားချော့တေး ကို သီဆိုပြသ နေသလို မျိုး တစ်ယောက်ကို တစ်ယောက် ချစ်မြတ်နိုး မှုတွေက အတိုင်းသား ပေါ်လွင်ခဲ့တယ်လေ။

လှိုင်းကြမ်း တွေက လှေငယ်လေး ကို ငြင်သာစွာ ရိုက်ခတ် လိုက်ပြီး အရှေ့ကို တွန်းအား နဲ့ ရွေ့သွား စေကာ ပုံမှန် အတိုင်းလေး ပဲ  အနောက်ဘက် ဆီကိုလည်း တွန်းကန်အား ပြန်သက်ရောက် စေ ပြန်တယ်လေ။

ယုန်လေး က သားပေါက်လေးကို ပျိုးထောင်ဖို့ မတက်နိုင်ဘူး [BL] Donde viven las historias. Descúbrelo ahora