ပစ္စုပ္ပန်

11 0 0
                                    

     ကျွန်တော်တို့ နှစ်ဦးနှစ်ဖက်လုံးရဲ့ရင်ထဲ ခေါင်းစဉ်အမျိုးမျိုးနှင့် မျက်ရည်များရှိနေနိုင်သည်။

     ကျွန်တော်ရော သူရောမှာ ပူပန်စရာများရှိသည်။ ကျွန်တော် သူ့ကိုချစ်သည်။ သူလည်း ကျွန်တော်ကိုချစ်သည်ဆိုတာ ခံစားမိသည်။ သူက ကျွန်တော့်အတွက် ကျွန်တော့်ထက်ပိုရင့်ကျက်နေသူ၊ တစ်ဖန်လည်း ကလေးလေးတစ်ယောက်။ ကျွန်တော် သူ့လောက် လောကကြီးအကြောင်းမသိသေး။ သို့ပေသိ သူ့စိတ်တွင်းက ကလေးလေးက ကျွန်တော့်ရဲ့ အသည်းအသက်လေး။ ပိုချစ်ရသည်။ ပိုပြီး မေတ္တာပေးချင်လာရသည်။ ထိုလောဘ။
     ကလေးလေးက ရင့်ကျက်သည်။ ကလေးလေး၌ ဘဝအပူတွေရှိနေပြန်သည်။ ကျွန်တော် အတတ်နိုင်ဆုံး သူ့ရဲ့ ခိုလှုံရာဖြစ်ချင်သည်။ တစ်ခဏလောက် ဖြစ်ဖြစ် ကျွန်တော့်ကြောင့် အေးချမ်းသွားခဲ့ရင် ကျေနပ်ရပါသည်။
     ကျွန်တော် သူ့လောက်မရင့်ကျက်သေးပါ။ သူ ကျွန်တော့်အတွက်ပါ တွေးပေးသည်။ ကျွန်တော့်ကို သူ့ဘဝထဲမခေါ်ပါ။ ကျွန်တော် တစ်ဇွတ်ထိုး ငြင်းဆန်ခဲ့၊ လက်မခံနိုင်ခဲ့။ ကျွန်တော် ဘာမှမမြင်ခဲ့။ သူနဲ့ပေါင်းဖက်ချင်တာဘဲ မြင်ခဲ့ပြီး ဘာမှမတွေးနိုင်ခဲ့။
     တစ်ချိန်ချိန်၌ နှစ်ဖက်လုံးနာကျင်ရမည်ဆိုတာ သေချာပေါက်။ နှစ်ဖက်လုံး လက်ရှိကို လက်ခံနိုင်သွားချိန်။
    အနာဂတ်ဆိုသည်ကို တွေးကြည့်၊
    မြင်ရသည်က ဝေးတဝါး
    သက်ဆိုင်သည်က လက်ရှိ။
     ပစ္စုပ္ပန်မယ် လုပ်နေသမျှက အနာဂတ်ကို အကုန် သက်ရောက်သည်လည်းမဟုတ်၊ ကံအကြောင်းတိုက်ဆိုင်မှ ဆိုတဲ့ အရာလေးရောပေးမှ ပိုပြီး ပြောလို့ကောင်းမည်။ ကံပါမှ၊ ရေစက်ရှိမှ၊ ဖူးစာပါမှ...
     အနာဂတ်မယ် ဘာဖြစ်လာမလဲ ဆိုတာမတွေးချင်။ နာကျင်ရသည်။ တစ်စုံတစ်ဦးနှင့် နီးစပ်ဖို့ကြိုးစားတာထက် သူနဲ့ကံအကြောင်းတိုက်ဆိုင်လို့ ပြန်ဆုံရတဲ့အခါ အဆင်ပြေပြေနဲ့ဆုံနိုင်ဖို့၊ ကျန်းမာသောစိတ်၊ ကျန်းမာသောခန္ဓာနှင့် ပြန်လည်ဆုံရပြီး ကလေး‌လေးအတွက် နွေးထွေးသော မေတ္တာများ ပေးနိုင်ဖို့မျှော်လင့်ရင်း။

ပစ္စုပ္ပန်
အတွေးများနှင့် မြ။
မြလဲ့ညို။

၂၀၂၃ခုနစ် ၇လပိုင်း ၂၅ရက်
မနက် ၁၂:၅၅ မိနစ်။

အမည်မသိသော အချိုးအကွေ့Where stories live. Discover now