ညနေဆည်းဆာနေဝင်ချိန်တွင် တိမ်ဖြူတွေမြုတ်ပြီးတိမ်မဲ့များတတ်လာကာ နေမပွင့်တစ်ပွင့်အလင်းရောင်လေးဖြင့် မှောင်ရီရီဖြစ်ခါ မိုးများ သည်းကြီးမည်းကြီး ရွာချလာတော့သည်
ကျူရှင်မဆင်းခင်ထဲက အပြင်မှာကားဖြင့်ရပ်စောင့်နေသော TaeHyung ကို Ho Seokမမြင်ခဲ့ပါ  TaeHyung သည် ကားထဲမှစောင့်နေရင်းကနေအနည်းငယ်ပျင်းလာတာနဲ့ အပြင်ကိုထွက်ဖို့ ‌ ခေါက်ထီးလေးကိုဖွင့်ကာ ထွက်လာတော့သည် မိုးတွေအရမ်းရွာပြီးအေးလာတာကြောင့် Ho Seokလာရင် coffeeပူပူလေးသောက်လို့ရအောင်  လမ်းထောင့်တစ်နေရာက ဆိုင်လေးမှာ သွားဝယ်လိုက်သည် ကျူရှင်သင်ပြီးလို့ အိမ်ထဲမှ Ho Seokထွက်လာပြီး Tae Hyung ကားကိုမြင်တာနဲ့ ကားစီကိုတန်းသွားလိုက်သည် အနီးနားရောက်တော့ကားထဲတွင်လူမရှိပဲ ကားပင်ရပ်ထားတာကြောင့် Ho Seokသည် TaeHyung ကို မျက်လုံးလေးဝေ့ကာ ရှာနေခဲ့သည်

ထိုချိန်  coffeeဝယ်ပြီးအလာ Ho Seokကိုမြင်တာနဲ့  ထီးဆောင်းရင်း coffeeဗူးနှစ်ဗူးကိုကိုင်ကာ ပြေးလာတော့သည် မိုးအရမ်းရွာပြီး လေအနည်းငယ်တိုက်လာတာကြောင့် TaeHyung ဆောင်းထားသောထီးသည် လေနှင့်အတူ လွင့်ပျံသွားခဲ့သည်

"မပြေးနဲ့..... TaeHyung မပြေးနဲ့..."
"ချော်လဲမယ် သတိထားပြီးလျှောက်"

"အကိုက ကျွန်တော်ချော်လဲမှာကို စိုးရိမ်တယ်ပေါ့ ဟုတ်လား....."

"စိုးရိမ်တာပေါ့ မတော်လို့ ချော်လဲသွားရင် ခေါင်းကွဲသွားနိုင်တယ် "

"အဲလိုသာ ကျွန်တော် ချော်လဲသွားခဲ့ရင် အကိုကျွန်တော့ကို ဘယ်လိုလုပ်ပေးမှာလဲ ပြေးထူးမှာလား ရပ်ကြည့်နေမှာလားဟင်"

"ပြေးထူမှာပေါ့အရူးရဲ့ ရပ်ကြည့်နေရအောင် ငါက ကျောက်ရုပ်မှမဟုတ်ပဲ "

TaeHyung သည် သူ့ကိုတစ်ခွန်းမကျန်ပြန်ပြောနေသော ချစ်စဖွယ်အကိုရွယ်ကောင်လေးကို စိုက်ကြည့်ကာ ပြုံးနေခဲ့သည်

"အကို"
"ကျွန်တော်တို့မိုးရေချိုးရအောင်"

"အာ...မချိုးချင်ပါဘူး ကလေးကုလားနဲ့ "

"လာပါအကိုရာ အတူချိုးရအောင်"

"မလာဘူးမင်းပါမင်းပဲချိုး"

မောင့်အပိုင်Where stories live. Discover now