စပါးကြိတ်နေပေမယ့် အစ်ကို့ကို ဘယ်နေရာမှ မတွေ့...။ အိမ်မှာ ဆန်ကြိတ်ဖို့ ငှားထားသည့် ရွာထဲမှ အစ်ကိုတစ်ချို့ကိုသာ တွေ့ရသည်။ ကျွန်တော် စက်ရုံအနှံ့လိုက်ရှာနေသည်ကို သိသည့် အစ်ကိုတစ်ယောက်ကတော့ဖြင့်....
"ပျိုးငယ်... ကိုဦးကို ရှာနေတာလား?"
"ဟုတ်ကဲ့ အစ်ကို ဘယ်သွားလဲ မသိဘူး...။"
"သြော်... မြို့ကို ခဏသွားတယ်... ဒီနေ့ စပါးဝယ်မယ့်သူတွေကို သွားကြိုရတာ ထင်တယ်....။"
"ဟုတ်လား? အစ်ကိုက ပျိုးငယ်ကို ဘာမှပြောမသွားဘူး...။"
ကျွန်တော်က သဘောမကျစွာ ငြီးတွားလိုက်ချိန်မှာတော့ ထိုအစ်ကိုက...
"သွားတာ... ကြာပါပြီ... ပြန်တောင် ရောက်တော့မယ် ထင်တယ်...။ သူလည်း အလောတကြီးနဲ့ ထွက်သွားတာမလို့ နေပါမယ်...။ ကြည့်ထား... အပြန်မှ ချော့လိမ့်မယ်...။"
"... အစ်ကိုက အမြဲတမ်း အဲ့လိုပဲ... တကယ် တကယ်.... ။"
နူတ်ခမ်းကို ဆူကာ စိတ်အလိုမကျဟန်ဖြင့် ထွက်သွားသည့် ကလေးလေးက တကယ်ကိုပင် အူယားစရာလေးပင်။ ပျိုးပင်ငယ်ဆိုတာ ဒီရွာမှာထက် ဘယ်လိုပြောရမလဲ... ရွာနီးချုပ်စပ်အထိ သူ့အလှက နှိုင်းယှဥ်နိုင်သည်။
မပြင်မဆင် မဖြီးမလိမ်းတာပင် ချောမောပြီး ချစ်ဖို့ ကောင်းနေတုန်းပင်...။ အသက်ရှုမှားလောက်သည့် အလှကို ပိုင်ဆိုင်ထားသည့် ဒီလူကို ပိုင်ဆိုင်ထားသည့် ကိုဦး၏ ခံစားချက်ကို အခုမှ သတိထားမိသည်။
ကိုဦးက ထိုကလေးက ဓားကြိမ်း ကြိမ်းပြီး ဇွတ်အတင်း ယူခဲ့တာ...။ သူသဘောကျလွန်းလို့ သူ့အနား ရအောင် သိမ်းထားခဲ့တာမျိုး....။ ဒီအရာက သူ့အတွက်မရှိမဖြစ်... ဒီအရာမရှိလျှင် သူရူးသွားနိုင်သော သေသွားနိုင်သော အခြေအနေ တစ်ခုမှာတော့ သူ ဒီကလေးကို ရအောင်ယူလိုက်တာမျိုးပင်...။ သူ့အတွက် ဒီကလေးရဲ့ ဖြစ်တည်မှုက သူ့တစ်ဘဝလုံးနှင့် ရင်းနှီးလောက်သည့်အထိ သိပ်သည်းဆ များတာမို့....။
ည ၇နာရီ...
၇နာရီလောက်မှာတော့ အိမ်ရှေ့မှာ အစ်ကို့ဆိုင်ကယ်ကို စက်ရပ်သံကို ကြားလိုက်ရသည်။ အရီးလေးက အပြင်သို့ ထွက်သွားပြီး အကျိုးအကြောင်း မေးပေမယ့် ကျွန်တော်ကတော့ ဘာကိုမှ မလုပ်ဘဲ TVထဲက Seriesတစ်ခုကိုသာ အသည်းအသန် မဲကြည့်နေဟန် ဆောင်လိုက်မိတော့သည်။
အပိုင်း (၄)
Start from the beginning