အပိုင်း (8.1)

Start from the beginning
                                    

'' မင်းပြော ချင်တဲ့ အဓိပ္ပာယ် က ယုန်ငယ်လေး က မင်းရဲ့ အဝတ်တွေ ယူလာ ပေးဖို့ အဲ့ကောင်လေး ကို တောင်းဆို ခဲ့တာ လို့လား? ''

ဒါက အမှန် တရားပဲလေ။

ဝိတ်တာ လေး သာ တကယ်ကို ကျင်းထန် အား စွဲလမ်း လွန်းလို့ ကျင်းထန် ရဲ့ အဝတ်အစား ကို ယူချင်တယ် ဆိုရင် အခုမှ ဘာလို့ ထယူ နေရ မှာပဲ။ အရင် ကတည်း က ယူ ပြီးသွားတာ ကြာလှ ရောပေါ့။

ဘယ်လို ပဲ ဖြစ်ပါစေ အခုချိန်မှာ သူနဲ့ ယုန်လေး နန်ဟွေး တို့ကြားက ဆက်ဆံရေး က ပေါ်ပေါက် လာတဲ့ အပြင် အဲ့နေ့က ကျင်းထန် နဲ့ ယုန်လေး တို့ကလည်း နွေဦးည ဖြတ်သန်း ခဲ့ ကြ သေးတယ် လေ။

ဒီ သဲလွန်စ ဖြစ်ရပ် တွေ အကုန်လုံး ကို သာ စုစည်းလိုက် မယ် ဆိုရင် အရမ်းကိုပဲ တိုက်ဆိုင် လွန်းနေတယ်လေ ။ ပြီးတော့ အဖြေမှန် ကို အချိန်တို အတွင်းမှာ အလွယ်လေး ဖော်ထုတ် လို့တောင် ရနေတာ ပဲလေ။

ထို အဝတ်ကို တကယ် ကြီး  လိုချင်တဲ့ တစ်စုံ  တစ်ယောက် က ယုန်လေး နန်ဟွေး ပဲပေါ့။

ယူသွားတာ ခံရတဲ့ အဲ့အဝတ် အစား က နောက်ဆုံးတော့ နန်ဟွေး ရဲ့ လက်ထဲ ကိုပဲ ရောက်သွား မှာပေါ့လေ။

'' သူက မင်းရဲ့ အဝတ်တွေ နဲ့ ဘာတွေ များ လုပ်မလို့ ပါ လိမ့်နော်? သူက တကယ်ကြီး ပဲ လိုချင် နေတာ ပေါ့ ။ အဲ့လိုသာ အမှန်ဆို သူက မင်းကို တောင်းဆို လိုက်ရုံလေး တင် ရနေ တာပဲ မဟုတ်ဘူး လား။ ကြီးမြတ်လှတဲ့ မစ္စတာ ကျင်း က သူကိုယ်တိုင် တောင် ကားမောင်း ပြီးတော့ အဝတ်တွေ သွားပို့ပေး လိမ့် အုံးမယ်''

'' ငါက ဘယ်လို လုပ် သိမှာလဲ?''

ကျင်းထန် က အဝတ် ဗီဒို တံခါး ကို ' ဘန်း ' ခနဲ မြည်အောင် ပိတ်လိုက် လေတယ်။

တစ်ဖက်လူ ရဲ့ အေးစက်တဲ့ အမူအရာ အောက်မှာ ဖုံးကွယ်ထား တဲ့ ပျော်ရွှင်မှု တွေ ရှိနေတယ် ဆိုတာကို ဟော်လင်း ခံစား မိလေတယ်။ ပြီးတော့ ခွေးစာ ကို ဇွတ်အတင်း ကျွေးခံ လိုက်ရ သလို ခံစား ရတာ ကြောင့် သေမှာ မကြောက်ပဲ ရွဲ့တဲ့တဲ့ နဲ့ ပြောလိုက် လေတယ်။

'' မင်း အရမ်း ကြီးတွေ ပျော်ရွှင် မနေနဲ့။ ငါက က ကြိုတင် ပြီးတော့ ခန့်မှန်း ကြည့်လိုက် မယ်ကွ။ အဲ့ ဝိတ်တာ ငယ်လေး က မင်းကို မကြာခင် မှာပဲ ချစ်မိ သွားမယ် ဆိုတာ ငါ ကြိမ်းသေ ပြောရဲတယ်။ အဲ့အခါ ကျရင် မင်း အတွက် နဲ့ နှစ်ယောက်သား ရန်တွေ ဖြစ်ကြမယ်။ အဲ့အချိန် ကျမှ မင်းက ဘယ်လိုတွေ ဆက်လုပ် မလဲ ဆိုတာ ကို ငါ ကြည့် ရသေးတာ ပေါ့ ''

ယုန်လေး က သားပေါက်လေးကို ပျိုးထောင်ဖို့ မတက်နိုင်ဘူး [BL] Where stories live. Discover now