ep 14

636 51 11
                                    

   appa နဲ့ထယ်ယောင်းတို့ ဒီ​နေ့ စာရင်းမှားတဲ့ကိစ္စတစ်ခုကြောင့် အဲ့ကိစ္စကိုလိုက်လုပ်ရင်း ၆ နာရီကျော်သွားကြသည် appa ကလဲ သူ့ကားက ပျက်နေတာကြောင့် မနက်ထဲက ထယ့်ကားနဲ့လာတာမို့ ပြန်တော့လဲ အတူတူဘဲ ပြန်ဖြစ်ကြတယ်လေ

mr jeon: သားထယ် သားငယ်လေး ကျူရှင်ကဘယ်ချိန်လွှတ်တာလဲ

tae: ဗျာ   ဟို ဟို ၈ နာရီမှလေ appa ဘာဖြစ်လို့လဲ

    အရင်နေ့တွေက အတူမပြန်လို့လားမသိ ကျူရှင်အကြောင်းသိပ်မမေးတဲ့ appa က ဒီနေ့ကလေးကျူရှင်ပြေးတဲ့နေ့မှ တိုက်တိုက်ဆိုင်ဆိုင် ကျူရှင်အကြောင်းမေးလာတော့ appa များသိသွားပြီလားဆိုတဲ့ အတွေးနဲ့တင် ထယ်ယောင်းလန့်သွားရသည်

mr jeon: ဘားမှမဖြစ်ပါဘူးသားရယ် တကယ်လို့ ကျူရှင်လွှတ်ချိန်နီးနေပြီဆိုရင် မင်းညီကိုပါ တစ်ခါတည်းဝင်ကြိုလိုက်မလားလို့  သားသူငယ်ချင်းတွေနဲ့လဲ မတွေ့ရတာကြာပြီဆိုတော့ သားငယ်ကိုသွားကြိုရင်း ဝင်တွေ့မလားလို့ပါ  ဒါပေမဲ့အခုက ၁နာရီခွဲလောက်တောင် လိုသေးတာဆိုတော့ မသွားတော့ပါဘူး သားရယ် တော်ကြာ appa တို့ကြောင့် သူတို့ စာသင်ပျက်နေပါအုံးမယ်

    appa ကသဘောရိုးနဲ့မေးလိုက်တာသိရတော့မှဘဲ ထယ်ယောင်း သက်ပြင်းချနိုင်တော့သည်   ကလေးကျူရှင်ပြေးတာကို appa သိသွားလို့ကတော့ ထိုကလေးအတွက်မလွယ်ဘူးလေ ကလေးငယ်ကလဲ အတတ်ကောင်းတွေအတော်ပင် တတ်လာသည်  ဒီပုံအတိုင်းဆို နည်းနည်း ဆူပေးမှကိုဖြစ်တော့မည်   ညကြရင်တော့ ခလေးနဲ့ စကားသွားပြောရမယ်


tae: ဟုတ်ကဲ့ appa

      ထယ်ယောင်းလဲ သက်ပြင်းချရင်း လမ်းကွေ့လေးကိုကွေ့ဝင်လိုက်တယ်ဆိုရင်ဖြင့်   ဟိုဘက်ကားလမ်းကနေ ဖျက်ပြေးရင်းဘောလုံးလာကောက်တဲ့ ကလေးလေး တစ်ယောက် ကိုတိုက်မိမလိုဖြစ်တာကြောင့် အလျှင်အမြန် ဘရိတ်အုပ်လိုက်ရသည်  

ဝှီး ဒုတ်

mr jeon: သားထယ်  ရ ရဲ့လား  

tae: ဟုတ် ရတယ် appa.     appa ကောအဆင်ပြေရဲ့လား

mr jeon: အေး appa ကပြေတယ် ဟိုကလေး ဘာဖြစ်သွားလဲ ဆင်းကြည့်လိုက်အုံး

My Little Brother(Complete) Where stories live. Discover now