ဂျူဂျူချစ်တဲ့ဦးငယ်မှဟုတ်ရဲ့လား?

Start from the beginning
                                    

"ငြိမ်ငြိမ်နေ ပြန်ပြေးရင် ထပ်နမ်းမှာ"

"ဂျူဂျူကိုလွတ်ပေးပါ တောင်းပန်ပါတယ်ဦးရယ်"

မြို့ပြင်ကသူဝယ်ထားတဲ့အပန်းဖြေအိမ်ကိုခေါ်သွားလေသည်။ဂျူဂျူကငိုယိုပြီးလိုက်လာခဲ့တာကြောင့် အာကာကဒေါသမပြေသေးဘဲ မျက်မှောင်းကြီးကျုံ့ကာ ကားကိုလည်း
အရှိန်တင်ကာမောင်းလာခဲ့တော့သည်။ခြံရှေ့ရောက်တော့ကားရပ်ကာ ဂျူဂျူကိုအိမ်ထဲသို့ အတင်းဆွဲခေါ်ပြီး စာချူပ်တစ်ခုကိုပြကာ
"ရော့ မင်းအဲ့မှာလက်မှတ်ထိုး
မင်းငါ့ကို့အကြွေးဆပ်စရာရှိတယ်မို့လား "

"ဂျူဂျူကဘာလို့ထိုးရမှာလည်းဦးငယ် ?"

"မင်းကသိပ့် အလုပ်လုပ်ချင်တာမှတ်လား ငါ့အကြွေးတွေဆပ်ဖို့မင်းမှာလည်းပိုက်ဆံမရှိလောက်ဘူး ငါ့အိမ်မှာ နေပြီးငါ့ဝေရာဝိစတွေလုပ်ပေးရမယ် အကြွေးက ၁၀သိန်း အတိုးက၅သိန်း စုစုပေါင်း၁၅သိန်းအတွက် ငါခိုင်းတဲ့ငါ့ကျွန်လုပ်ပြီးပြန်ဆပ် ၂နစ်နေပြီးလုပ်ငါ့အိမ်မှာ"

ဂျူဂျူတစ်ယောက်ဦးငယ်အံသြစွာကြည့်ပြီး တိတ်ဆိတ်သွားကာ

" ရှင်! သြော်...ဟုတ်ပါပြီး ဦးငယ်ရယ် ဦးငယ်ကိုဂျူဂျူကလူကောင်းလို့ထင်ခဲ့တာ အခုလိုလုပ်လိမ့်မယ်လို့လည်းမထင်ထားဘူး
ရပါတယ် ဦးငယ် ဂျူဂျူကျွန်လုပ်ပြီးပြန်ဆပ်ပါ့မယ် "

"အင်း မင်းငါအမိန့်မပါပဲအပြင်မထွက်ရဘူးဂျူဂျူဟန်"

"ဟုတ်ကဲ့ပါ"

အာကာတစ်ယောက်ပြောချင်တာပြောပြီးအိမ်အပေါ်ထပ်ကိုတက်သွားလေသည်။ ဂျူဂျူတစ်ယောက်ကတော့ သူချစ်ခဲ့တဲ့ဦးငယ်ကဒိလိုပုံစံဟုတ်ရဲ့လားလို့တွေးကာ ငိုရင်း ဘယ်နေရာမှာအိပ်ရမလဲမသိလို့ဧည့်ခန်းထဲမှာသာခွေခွေလေးအိပ်နေလေရဲ့ ရှိုက်သံလေးတွေတသဲ့သဲ့နဲ့အိပ်ပျော်သွာခဲ့သည်။အာကာကတော့အိပ်မပျော် ဂျူဂျူကိုစိတ်မချတာကြောင့်သာ အကြောင်းပြချက်ပေးပြီးအနားမှာခေါ်ထားခဲ့တာ သူလဲဂျူဂျူကိုအခုလိုဆူမိလို့စိတ်မကောင်းဖြစ်ပြီး "ဒိလူကြီးကမင်းကို သိပ့်မြတ်နိုးတာမင်းမှမသိတာဂျူဂျူရယ်"ဟုတီးတိုးပြောရင်း ဂျူဂျူအသံတိတ်နေလို့စိတ်ပူပြီး အပေါ်ထပ်ကပြေးဆင်းလာခဲ့လေရဲ့ ဂျူဂျူအိပ်နေတာတွေ့တော့မှ မနိုးအောင်အသာလေးမချီပြီး အ​ပေါ်ထပ်ကသူ့အခန်းထဲကကုတင်ပေါ်သိပ့်ကာ
သူကတော့ဘုရားခန်းထဲမှာအိပ်လိုက်ပါတော့သည်။
မနက်ရောက်တော့ဂျူဂျူမနိုးခင် ထကာ ရေမိုးချိုးပြီး စာတစ်ဆောင်ထားခဲ့ကာအလုပ်သို့ထွက်သွားခဲ့သည်။
______________________________________
"ဟင် ဂျူဂျူကိုအိမ်အလုပ်လုပ်ခိုင်မယ်လို့လည်းပြောသေးတယ် ဦးငယ် အိမ်ကလည်း သန့်ရှင်းနေတာပဲ အတော်လေးအသန့်ကြိုက်ပုံရတယ်"
ဂျူဂျူတစ်အိမ်လုံးကိုလိုက်စပ်စုရင်း ဧည်ခန်းထဲကစားပွဲပေါ်မှာစာတစ်ဆောင်ကိုပန်းအိုးအသေးလေးနဲ့ဖိထားတာတွေ့တော့သွားယူကြည့်ကာဖွင့်ဖတ်နေလေရဲ့
{ သို့/ဂျူဂျူ
ဦးငယ်အတွက်ဟင်းချက်ထားပေးပါ
1.ဝက်သားနီချက်
2.ငံပြာရည်ကြော်
3.ပဲဟင်း
လိုအပ်တာတွေကိုဦး ရေခဲသေတ္တာထဲမှာဝယ်ထည့်ပေးထားပါတယ် နောက်ပြီးဂျူဂျူဝတ်ဖို့အဝတ်တွေက ဦးငယ်အဝတ်တွေခဏဝတ်ထားလိုက် ညကျမှဝယ်လာခဲ့မယ်
ညကကိစ္စအတွက်လည်းတောင်းပန်ပါတယ်
ပုံ/အာကာဟိန်း}
"အယ် ဘယ်သူကဘဏ်မှာမလုပ်ဘူးလို့ပြောမှာဆိုးလို့လည်း စေ့စပ်လိုက်တာလွန်ရော ဟွန့်"
ဂျူဂျူတစ်ယောက် အာကာ့ကိုစောင်းပြောပြီး အာကာခိုင်းထားတာလေးတွေလုပ်နေလေရဲ့
______________________________________
PART8
မျှော်
အားနည်းချက်ရှိတဲ့ရွှန်းလဲ့ရဲ့ဝတ္ထုလေးကိုသည်းခံပြီးဖတ်ပေးတဲ့တစ်ယောက်ချင်းစိတိုင်းကိုကျေးဇူးတင်ပါတယ်ရှင့်😘😘😘











"အကြင်နာမျက်ဝန်း"Where stories live. Discover now