ရင်ခုန်အောင် အရမ်းမလုပ်ပါနဲ့ ဟန်ယူဂျင်း

Start from the beginning
                                    

""ဟို ကိုကို ကျွန်တော် မသိ အင့်""

တ‌ဖြည်းဖြည်းနဲ့ အနားကပ်လာသော ကိုကို့ မျက်နှာကြောင့် ယူဂျင်း နောက်ဆုတ်ရင်း ကုတင်နဲ့တိုက်ကာ ထိုင်လျှက်လှဲသွားတော့သည်

""ဟို""

စကားထပ်ပြောရန်ပြင်နေသော ယူဂျင်းကိုကယူဗင်းကြည့်မိတော့ နှုတ်ခမ်းလေးဟာ အနည်းဟယ် ဆူနေသည်

အနည်းငယ်ဆူနေသော နှုတ်ခမ်းလေးအားနမ်းချင်စိတ် ဖြစ်လာတာမို့ ကယူဗင်း နမ်းမိသွားသည်

"အွန့်"

"ကိုကို"

ပြွတ်စ့်

ဘာစကားမှပြန်မပြောပဲ ဆက်နမ်းနေသောကိုကိုကြောင့် ယူဂျင်းအသက်ရှူကျပ်ကာ အနေခက်လာတာကြောင့်

ကယူဗင်း၏ရင်ဘတ်ကို လက်သေးသေးလေးနဲ့ရိုက်လေသည်။

ရင်ဘတ်ကိုရိုက်လာသောလက်သေးသေးလေးတွေကြောင့် ကယူဗင်း ဘာပြောချင်မှန်းနားလည်လိုက်သည်

ထိုကြောင့် ယူဂျင်းကိုလွှတ်ပေးလိုက်သည်။

""ဟင်းးး""

အောက်စီဂျင်လိုအပ်နေသော ယူဂျင်းမှာ အောက်စီဂျင်ရမှာ အသဲအသန် အသက်ရှူရတော့သည်။

အသက်ရှူလို့ဝတော့မှ

""ဟိုကျွန်တော်သွားတော့မယ်"" ဆိုကာ ကယူဗင်းအခန်းထဲမှာထွက်လာလိုက်သည်။

---Next Day---
5:00 am

""သား ယူဂျင်း အစောကြီးကို နိုးပြီလား""

ဟု ဖွားဖွားအီ(အီဂျီယွမ်း)မေးလာသောကြောင့် ယူဂျင်း ရိုရိုသေသေ

""ဟုတ် နိုးပါပြီ ဖွားဖွား မနေ့ကခရီးပန်းပြီးအစောကြီး အိပ်ပျှော်သွားလို့ပါ"

ဟုပြန်ဖြေလိုက်သည်။

""ဗိုက်ဆာနေပြီလာ သား မနေ့ညကလည်း ထမင်းစားမယ်ဆိုတာကို ဆင်းလာမစားဘူးဆိုတော့ ထမင်းတော့ အခုမှဖွားဖွားမြန်မြန်ချက်ပေးမယ် ဟင်းတော့ မရှိသေးလို့ ကင်မ်ချီနဲ့စားလိုက်နော်""

""ရပါတယ် ဖွားဖွား ကျွန်တော် မုန့်လေးနည်းနည်းစားလိုက်မယ်""

~𝖧𝖨𝖬~ : 규진 [ᴄᴏᴍᴘʟᴇᴛᴇᴅ]Where stories live. Discover now