အပိုင်း ၅

659 30 0
                                    

Unicode

ကျောင်းဝန်းအတွင်းသို့ အရှိန်ဖြင့်မောင်းနှင်လာခဲ့သောဆိုင်ကယ်နှင့်အတူ လိုက်ပါစီးနင်းလာသော ရှိုင်းမြတ်  မျက်လုံးပြူးမျက်ဆံပြူးဖြစ်နေလေသည်။ စိတ်ကူးရသမျှ ဘုရားစာအကုန်လည်းရွတ်ဆိုလာခဲ့မိတော့သည်။

ထို့ပြင်တိုးဝှေ့တိုက်ခတ်လာသောလေပြည်‌ညှင်းလေးနှင့်အတူ ရေမွှေးနံ့သင်းသင်းလေးလည်းအဖော်ပါလာခဲ့သည်။ထိုရေမွှေးနံ့လေးကား မောင်းနှင်သူဆီမှ ဖြာကျလာခဲ့သည်ပင်။

ရှင်မင်းမြတ်ဆိုင်ကယ်အား အရှိန်ဖြင့်မောင်းနှင်လာခဲ့ပြီး အရှိန်လျော့မောင်းရန်ပြုလုပ်ထားသော ဂုန်း အနားရောက်လျှင်‌ရောက်ချင်း အရှိန်လျော့လိုက်သဖြင့် ရှိုင်းမြတ်၏ကိုယ်မှာ ရှင်မင်းမြတ်၏ကျောပြင်နှင့် နီးကပ်သွားမိတော့သည်။

ရှိုင်းမြတ် ချက်ချင်းနောက်ပြန်ဆုတ်လိုက်မိသည်။ စိတ်ထဲတွင်တော့ ကသိကအောက်နှင့် ။ ဘာကြောင့်ကသိကအောက်ဖြစ်နေမှန်းလည်းသူ မသိ။ ဖြစ်နိုင်သည်မှာ အကြောတင်းကာ  တင်စီးလှသော ထိုသူ၏ဆိုင်ကယ်နောက်မှလိုက်ပါလာရခြင်းမှာ မာနထိခိုက်လွန်းသည်ဟုခံစားရသောကြောင့်ပင်ဖြစ်ပေလိမ့်မည်။

အတန်း၏အနီးတွင်ရှိသော ဆိုင်ကယ်စတန်း၌ ဆိုင်ကယ်အားရပ်လိုက်ပြီးနောက် ရှိုင်းမြတ် ဆိုင်ကယ်ပေါ်မှဆင်းကာ လှေကားမှတစ်ဆင့် အလောတကောပြေးတတ်သွားလေသည်။ ရှင်မင်းမြတ်လည်းအနောက်မှလိုက်ပါလာခဲ့သည်။

အတန်းတံခါးဝနားရောက်လျှင်ရောက်ချင်း သူတို့နှစ်ဦး၏ဆန့်ကျင်ဘက်မှ တီချယ်ဒေါ်ခင်သန်းလွင် လျှောက်လာသည်ကိုမြင်လိုက်သောကြောင့်  ရှိုင်းမြတ် တီချယ်ဆီသို့အပြေးသွားပြန်ကာ လက်ထဲတွင်ကိုင်ထားသော စာရွက်စာတမ်းများအား ကူသယ်ပေးလိုက်သည်။ရှင်မင်းမြတ်သည်တော့ အတန်းထဲသို့ဝင်ရောက်နှင့်လေပြီ။

" မဂ်လာပါ တီချယ် "

" မဂ်လာပါသားရေ " တီချယ်မှာ အသက် ၄၀အရွယ်နားကပ်နေပြီဖြစ်သော်ငြား အရွယ်တင်ကာ ဣန္ဒြယေလည်းကြီးလှသူ၊ နှင်းဆီပန်းအပွင့်ကားကားတစ်ပွင့်အားပန်ဆင်ထားပြီး ကြက်သွေးရောင်နှုတ်ခမ်းနီအား အရောင်တင်ရုံမျှဆိုးထားကာ ကျက်သရေရှိလွန်းလှသည်။ အရှိန်အဝါလည်းကြီးလွန်းလှသည်။

ရင်ခုန်သံ ရပ်ဝန်းလေး [ Completed ]Where stories live. Discover now