And I - 3

1.1K 131 8
                                    

"ဒီအိမ် ဟုတ်တယ်မလား"

"​ဟုတ်တယ်"

သူ ကားပေါ်မှ ဆင်းလိုက်ချိန်တွင်​တော့ ကျန်း​ဟောင့် ကားကို​ကွေ့ကာ ပြန်ဖို့ ပြင်​တော့သည်။

"ဒါဆို ​ကောင်း​ကောင်း​နေခဲ့ပါ။ ကျွန်​တော် သွား​တော့မယ်"

"ဟို​​လေ ကျန်း​ဟောင့် ဒီမှာပဲ အိပ်သွားပါလား"

"ဟား ခင်ဗျားက ကျွန်​တော့်ကို ဘာထင်​နေတာလဲ"

"ဟာ မဟုတ်ရပါဘူး။ ကျွန်​တော့် အမှားကို ​​သေချာ​လေး ​တောင်းပန်ချင်လို့ပါ။ အိမ်ပြန်ဖို့ကလည်း ​ဝေးတယ်​လေ။ ကျွန်​တော် ​ပြောစရာ​တွေလည်း ရှိ​သေးလို့ပါ။ ခင်ဗျားလည်း အရက်​သောက်ထားတာဆို​တော့"

ခဏစဥ်းစားပြီး​နောက် ကျန်း​ဟောင့်က အ​ဖြေ​ပေးလာသည်။

"စကား​ပြောဖို့ပဲ လိုက်လာမှာပါ။ ပြီးရင် ပြန်မယ်"

"အာ အို​ကေ"

ကား​ပေါ်မှ ဆင်းလာသူ​ကြောင့် ပြာပြာသလဲ အိမ်တံခါးကို ဖွင့်​ပေးရင်း မီးဖို​ချောင်သို့ အ​ပြေးဝင်ကာ ပျားရည် ၂ခွက်ကို သွား​ဖျော်ရသည်။ ထို့​နောက် ထို ခွက်၂ခွက်ကို ယူကာ ဧည့်ခန်းတွင်း ထိုင်​နေ​သော သူ​ရှေ့သို့ သွားချလိုက်သည်။

"​သောက်ပါဦး"

"ကျွန်​​တော့်ကို ဘာ​ပြောစရာ ရှိလို့လဲ"

"ကျွန်​တော် ခုန နမ်းမိတာ မူး​နေလို့ မဟုတ်ပါဘူး"

"ဘာများလဲလို့"

​အေး​ဆေးပြန်​ဖြေ​နေ​သော်လည်း သူ​ ​နောက်ထပ် ပြောသည့်စကားကို ကြားလိုက်ချိန်တွင်​တော့ ကျန်း​ဟောင့်မှာ ​သောက်လက်စ ပျားရည်တို့ပင် သီးသွားရ​တော့သည်။

"ကျွန်​​တော် ကျန်း​ဟောင့်ကို သ​ဘောကျ​နေလို့ပါ"

"အဟွပ်! အဟွပ်!"

"အဆင်​ပြေလားဗျ"

အဆင်​ပြေ​ကြောင်း လက်ကာပြ​တော့ ​ဆောင်းဟန်ဘင်းက သူ့စကားကို ​ရှေ့ဆက်​တော့သည်။

"သ​ဘောကျတာထက် ချစ်လို့ပါ"

"ကျွန်​​​တော့်ကို ​နောက်​နေတာလားဗျ"

And IWhere stories live. Discover now