"ဂယူ ​တော်​လိုက်တော့။ သူတအား မူး​နေပြီ"

​မူး​နေသည့် သူ့​ဘေးကို ​ရောက်လာကာ ဆွဲထူ​ပေးရင်း ကျန်း​ဟောင့်က ဌာနမှူးကို တစ်ခုခု လှမ်း​ပြောလိုက်သည်။ ဌာနမှူး ၂​ယောက်က သူတို့ကို ​ခေါင်းညိမ့်ပြပြီး ကျန်း​ဟောင့် ၂​ယောက်ကလည်း သူ့ကို ငုံ့ကြည့်​နေသည်။ ကြည့်​နေရင်း ကျန်း​ဟောင့်က ၄​​ယောက်​တောင် ဖြစ်သွား​တော့ သူ့မှာ ရယ်ရခက် ငိုရခက်။

"၄​ယောက်​တောင်မှ ငါ့ကို ပြုစား​နေတာလား"

"ဗျာ!?"

ယိုင်ထိုး​နေသည့် သူ့ကို မနည်းတွဲကာ ကားပါကင်ဆီသို့ ​လျှောက်လာရင်း သူ့အ​မေး​ကြောင့် ကျန်း​ဟောင့်မှာ လမ်း​လျှောက်နေရာမှ ရပ်သွားပြီး သူ့ပခုံး​ပေါ်မှ ​ဆောင်းဟန်ဘင်းကို ငုံ့ကြည့်လာသည်။

"ကား​ပေါ် အရင်တက်ရ​အောင်။ အ​ပေါ်​ရောက်မှ ​မေး​​တော့​နော်"

"ဟုတ်ကဲ့ပါ ခင်ဗျ!"

ယဥ်ယဥ်​ကျေး​ကျေး အသုံး​ကြောင့် ကျန်း​​ဟောင့်က ရယ်သံစွက်ကာ သူ့ထက် အ​လေးချိန်​ရော အရပ်အ​မောင်းပါ ပိုသာသည့် ​ဆောင်းဟန်ဘင်းကို မနည်းဆွဲ​ခေါ်ရင်း အချိန်တစ်ခု အကြာတွင်​တော့  ၂​ယောက်လုံး ကား​ပေါ်သို့ ​အောင်မြင်စွာ ​ရောက်ရှိသွား​လေ​တော့သည်။

ကား​ထိုင်ခုံကို မှီရုံသာမှီထား​ပြီး ငြိမ်​နေသော ​ဆောင်းဟန်ဘင်း​ကြောင့် ခါးပတ်ကို ပတ်ပေးဖို့ရန် ​ကျန်း​ဟောင့်က အနားတိုးမိ​တော့ ​​ဆောင်းဟန်ဘင်း၏ ပိတ်ထား​သော မျက်လုံးတို့က ရုတ်တရပ် ပွင့်လာပြီး သူ့ခါးနားသို့ ​ရောက်​စပြု​နေသည့် ကျန်း​ဟောင့်လက်တို့အား ချုပ်ကိုင်လာတော့သည်။

"ကျွန်​​တော် ခါးပတ် ပတ်​ပေးမလို့ပါ"

"ပြီးမှလုပ်"

"ဗျာ!"

မျက်ခုံးအစုံကို အလယ်သို့ တွန့်ချိုးပြရင်း တစ်ချက် ဟန့်လိုက်သည့် ​ဆောင်းဟန်ဘင်း​ကြောင့် ကျန်း​ဟောင့်မှာ ​ခေါင်းကိုသာ လိမ်လိမ်မာမာ ညိမ့်ပြရင်း ​​​ဆောင်းဟန်ဘင်းဘက်သို့ ယိုင်​​နေသည့် ကိုယ်ကို ကား​မောင်းသူ​နေရာသို့ ​​ရောက်​အောင် ပြန်ဆုတ်မိ​တော့ ​ဆောင်းဟန်ဘင်းက သူ့လက်ကို လွှတ်မ​ပေးသည့်အပြင် အနားသို့ နီး​​အောင်ပင် ပြန်လည် ဆွဲယူလိုက်​​​တော့ နီးကပ်သွားသည်က သူတို့၏ မျက်ဝန်းအစုံ ၂ခု အကြား အကွာအ​ဝေး။

And IWhere stories live. Discover now