အိမ်သားက ခပ်တိုးတိုးရေရွက်ရင်း ကုတင်ပေါ်က ဆင်းသွားတယ်။ရိပေါ်က အခုထိမျက်လုံးမဖွင့်နိုင်သေးဘူး ဒါပေမဲ့ ဇယ်စက်သလို တစ်ခုပြီးတစ်ခုလုပ်နေတဲ့ အသံတွေကိုတော့ ကြားနေရတယ်။ရိပေါ်ပြောလိုက်တယ်။

" ကိုယ်မျက်နှာတော့ ထသစ်နိုင်ပါတယ်ကွာ။အချစ်ခဏနားဦးလား၊မနက်ကလည်း အစောကြီးထ
ထားတာကို။"

" ရတယ်၊မျက်နှာသစ်ပေးပြီးရင် ဆန်ပြုတ်သွားပြုတ်ဦးမယ်။ခြံထဲမှာ အာလူးတွေသွားတူးထားတယ်။"

" အာလူးဆန်ပြုတ်ပြုတ်မလို့လား။"

" ဟုတ်တယ်လေ။တအားသောက်ကောင်းတယ်။ကျွန်တော်တော့ တအားကြိုက်။"

အိမ်သားရဲ့ အသံကရွှင်ပျလို့နေ့တယ်။မျက်လုံးတွေ ကျိန်းစပ်ပြီး ခေါင်းထဲတူနဲ့ထုသလို ခံစားနေ‌ရပေမဲ့
အိမ်သားရဲ့ ရွှင်ပျပျအသံကြည်ကြည်လေးကြောင့် ရိပေါ်ပြုံးမိပြန်တယ်။တကယ့်ကို မရှိမဖြစ် အသက်ဓာတ်ကလေးပါပဲ။

" ရိပေါ်ထနိုင်လား။မထနိုင်ရင်လည်း ရတယ်နော်။ကျွန်တော် ဒီအတိုင်းပဲသစ်ပေးမယ်။"

ဝမ်ရိပေါ်‌နောက်ကျောမှာ ခေါင်းအုံးလေးခံပေးပြီး ရှောင်းကျန့် နားထင်ကိုစမ်းမိတော့ တဒုန်းဒုန်းခုန်နေတယ်။ဒါကခေါင်းကိုင်ရင် ဖြစ်လေ့ဖြစ်ထရှိတဲ့ လက္ခာမို့ သက်ပြင်းဖွဖွချမိတယ်။တအားခံရခက်နေမှာ။

" ကိုယ် နေလို့အဆင်ပြေပါတယ်အချစ်ရဲ့ ‌စိတ်မပူပါနဲ့။"

ရာသီဥတုအကူးအပြောင်းမှာ ဖြစ်လေ့ရှိတဲ့ တုပ်ကွေးဖျားမို့ ဂရုစိုက်ရတယ်။ခန္ဓာကိုယ်တွေ ကိုက်ခဲနေပြီး မှိုင်းနေတတ်တာက ဒီအဖျားဝင်ရင် ခံစားရမှာတွေမို့ ရှောင်းကျန့်က စိတ်ပူတာ။ဒီဒဏ်တွေက ဘယ်လောက်တောင်ဆိုးလိုက်သလဲ။

" နေလို့အဆင်မပြေပါဘူး။ဆန်ပြုတ်ပြုတ်ပြီး ပြန်လာခဲ့မယ် ဟုတ်ပြီလား။"

ရေစိုဝတ်နဲ့ မျက်နှာကိုခပ်ဖွဖွသုတ်ပေးရင်းပဲ အိမ်သားက သူလုပ်စရာတွေရှိတာတွေ သွားလုပ်ဦးမယ်ဖြစ်ကြောင်းပြောတယ်။

ရိပေါ်ကတော့ အင်းမလုပ်အဲမလုပ်နဲ့ မှိန်းသာနေမိတယ်။ရိပေါ်က တော်ရုံဖျားတတ်တာမဟုတ်ဘူး။ဖျားပြီဆိုရင်လည်း အတော်ခံရပြီး ကြာတတ်တာမို့ စိတ်ပူမိတယ်။သူ့ကိုယ်သူ မဟုတ်ဘဲ စိတ်ပူမှုလွန်ကဲတတ်တဲ့ အိမ်သားကိုပါပဲ။အခုတောင် သက်ပြင်းတဖွဖွချရင်း အိမ်သားရဲ့ ကြည်ကြည်လင်လင်မျက်နှာကလေးက ခပ်ငယ်ငယ်နဲ့။

Thank you for coming to me / Complete /जहाँ कहानियाँ रहती हैं। अभी खोजें