ကိုကို့ကို မိုးပေးဖို့ ကိုကိုမိုးရေစိုမှာဆိုးလို့၊ ကိုကိုနဲ့ အတူတူဆောင်းဖို့အတွက်ယူလာပေးတဲ့ ထီးလေးက မလိုအပ်တော့ဘူးမလား၊ ကိုကို့အတွက် အဲ့ဒီလူရဲ့ထီးရှိနေပြီမလား၊ ကျွန်တော်ယူလာပေးလဲ အပိုဖြစ်သွားပြီမလား၊Jayသူ့လက်ထဲကထီးလေးကို ဆက်ထိန်းမထားတော့ဘဲ မြေပြင်ပေါ်သို့လွှတ်ချလိုက်တော့သည်၊

မိုးတွေကသည်းသည်းမည်းမည်းရွာနေသလို အဲ့ဒီလူနဲ့ကိုကိုကလည်း၊ ကျွန်တော်ရင်တွေနာလိုက်တာ

" Jay "

Jongwoo မျက်လုံးများကိုဖွင့်လိုက်တဲ့ အချိန်မှာပဲ မိုးရေထဲမှာရပ်နေတဲ့ Jay ကိုတွေ့လိုက်ရတယ်၊
ဒီကလေးကတော့ အဲ့မှာဘာလုပ်နေရတာလဲ နေမကောင်းတာကို၊

" Hyung ကျွန်တော်သွားတော့မယ်ဂရုစိုက်ပြန်ဦး"

" အင်း မနက်ဖန်တွေ့မယ် ချစ်တယ်နော် "

" ထီးယူသွား Hyung "

" ဟင့်အင်း မင်းမိုး‌ရေတွေစိုကုန်မှာပေါ့ "

" အဆင်ပြေတယ် ကျွန်တော့်ညီလေးဆီမှာ ထီးပါတယ် Hyung သွားတော့နော် "

Hyung ကိုနှုတ်ဆက်ပြီးတာနဲ့ Jongwoo မြန်မြန်လေး Jay ဆီကိုပြေးလာလိုက်တယ်၊ ဒီ့ထက်ကြာရင် ဒီကောင်လေး ထပ်ဖျားနေဦးမှာဆိုးလို့၊

" မင်းရူးနေတာလား မိုးရွာနေတာရော သိလား "

မိုးရေထဲမှာ မလှုပ်မယှက်ရပ်နေသော Jay ကို သူအလိုမကျစွာ ဆူပူမိပါသည်၊

" မထိနဲ့ ကျွန်တော့်ကို "

" ဘာ "

Jongwoo ကိုပြောပြီးပြီးချင်း Jay ဟာအိမ်ထဲကို တန်းသွားတော့သည်၊ ကြည့်ထီးကမဆောင်းပြန်ဘူး၊ Jongwoo အောက်မှာကျနေတဲ့ ထီးကိုယူပြီး Jay နောက်ကို အမြန်လိုက်ရတော့သည်၊

" Jay နေဦး မိုးရေတွေစိုကုန်‌ပြီ ဒီကလေးကွာ "

အိမ်ထဲကိုရောက်တော့လည်း အပေါ်ထပ်ကိုအမြန်တက်သွားသောကောင်လေး၊ တကယ်ပဲ ဒီကောင်လေး ဘာဖြစ်နေတာလဲ၊

" သား ဘာဖြစ်တာလဲ "

Jongwoo အိမ်ပြန်လာတာနောက်ကျပြီမို့ မေမေလည်း အိပ်နေလောက်ပြီ၊ အိမ်ထဲကို ဒုန်းဆိုင်းဝင်လာပြီး အပေါ်ကိုထပ်သွားတဲ့ Jay ကြောင့် နှိုးသွားပုံရသည်၊

TOXIC Where stories live. Discover now